Mostrando entradas con la etiqueta သတင်းစုံ. Mostrar todas las entradas

မြန်မာပြည်လမ်းပေါ်က ဂျာမနီပြိုင်ကား Porsche Boxster

0
1:45
နည်းပညာအကြောင်းမဟုတ်ပေမဲ့လည်း လေ့လာသူတို့ ကားအကြောင်းနဲ့ပတ်သက်ပြီးသိသွားအောင်လို့ ကျွန်တော်ပြန်လည်မျှဝေပေးခြင်းပဲဖြစ်ပါတယ်။
လှလှပပ ဆိုတာက ကားရဲ့  ပုပုသေးသေး ဒီဇိုင်းကြောင့်မို့ ဖြစ် ပါတယ်။ ဂျာမနီ ဖြစ် ကားကိုမှ စီးချင်သူများအတွက် ဖြစ်ပါတယ်။ အရွယ်က ခပ်ငယ်ငယ် တံခါး နှစ်ပေါက် နှစ်ယောက်စီး Roadster ကားဖြစ်ပါတယ်။ အရွယ်သာ ငယ်တာပါ Speed acceleration ကတော့ မနည်းပါဘူး။ နောက်ဆုံးပေါ်မော်ဒယ်ဆိုရင် တစ်နာရီ ၁၆၅ မိုင်တောင် မောင်းနိုင်ပါတယ်။ စထုတ်တဲ့ ၁၉၉၆ တုန်း ကတော့ တစ်နာရီ ၁၄၅ မိုင်ဝန်းကျင် top speed ရှိတဲ့ ကား ဖြစ်ပါတယ်။

မြန်မာပြည်ကို ဝင်နေပါပြီ။ ဈေးနှုန်းကလည်း ဂျပန် ပြိုင် ကားများနဲ့ မတိမ်းမယိမ်းမို့လို့ ဖြစ် ပါတယ်။ သို့ပေမယ့် Porsche က ဂျာမနီ Brand ဖြစ်တဲ့အတွက် သူ့ရဲ့  Basic မော်ဒယ် ဈေးနှုန်း ဂျပန် ၂၀၀၇ နောက်ထွက်မော် ဒယ် ဈေးနဲ့ သိပ်မကွာပါဘူး။ အင်ဂျင် ဘယ်လို ကောင်း တယ်ဆိုတာ ဂျာမန်ကား မောင်းဖူးသူများ ပိုသိပါတယ်။ Boxter မှာ ထူးခြားချက် ရှိပါတယ်။ ဒါကတော့ အင်ဂျင် ပဲ ဖြစ်ပါတယ်။ မြင်နေကျ V ခွပုံသဏ္ဍန်တွေမဟုတ်ပါဘူး။ Flat အင်ဂျင်လို့ခေါ်တဲ့အလျားလိုက် အလုပ်လုပ်တဲ့ အင်ဂျင် ဖြစ်ပါတယ်။ ရည်ရွယ်ချက်က ခပ်နိမ့်နိမ့်ဆောက် မယ့် ကားဘော်ဒီနဲ့ ကာမိအောင် ဖြစ်ပါတယ်။ ဒါကြောင့် မြေ အနိမ့်အမြင့် ကြီးတဲ့ နေရာတွေ မှာ မောင်းဖို့ကျ နည်း နည်းတော့ ခက်ခဲ့ပါတယ်။

ဓာတ်ဆီကား၊ ဒီဇယ်ကား နှစ်မျိုးလုံး ထုတ်ပါတယ်။ ၁၉၉၇ ကနေ ၂၀၁၁ အထိက ဖင်လန်နိုင်ငံမှာ ထုတ်တာ ဖြစ်ပါ တယ်။ နောက်မှ ဂျာမနီ ပြောင်းထုတ်တာပါ။ Porsche ရဲ့  စက်ရုံခွဲကပဲ ဖြစ် ပါတယ်။ Roadster လို့ခေါ်တဲ့ အကြောင်း အရင်းတော့ သိမယ်ထင်ပါတယ်။ အမိုးက မိုးကာ သား ဖြစ်ပြီး အဖွင့်အပတ် အလွယ်တကူ လုပ်နိုင် လို့ ဖြစ်ပါတယ်။ ဆီစားကတော့ ၂၀၀၅ နောက်ထွက် သက်သာပါတယ်။ မော်ဒယ် လေးမျိုးခွဲတယ်လို့ ဆိုရပါမယ်။ ၁၉၉၆ ၊ ၂၀၀၀၊ ၂၀၀၃ နဲ့ ၂၀၀၄ အထက်ဆိုတာမျိုး ဖြစ် ပါတယ်။

၂၀၀၃ မော်ဒယ်အထက်လောက်ဆိုရင် မြန်မာပြည်မှာ သိန်း ၃၀၀ ဝန်းကျင်နဲ့ အထက် ပေါက်ဈေးရှိပါတယ်။ ၂၀၀၇ အထက်ကို စီးမယ်ဆိုရင်တော့ ကားသန့်ရင် သန့်သလောက် ထောင် ဂဏန်းလည်း ရောက်သွားနိုင်ပါတယ်။ အများစုကတော့ ၂၀၀၀ ဝန်းကျင်မော်ဒယ်ပဲ ဝယ်စီးတာ တွေ့ရပါတယ်။ ဒီဇိုင်းအားဖြင့်ကလည်း ထူးထူးခြားခြား ပြောင်းလဲမှု မရှိပါဘူး။ Boxter က Porshce ကားဖြစ်တဲ့ အတွက် မြန်မာပြည်မှာလည်း သိပ်များများစားစား မရှိပါဘူး။ အင်ဂျင် Performance ကျတော့ ကွာမှာ ဖြစ် ပါတယ်။ ဥပမာ အားဖြင့် မြန်မာပြည်ဝင်တဲ့ Porsche များကို www.motors.com.mm/cars/porsche/ မှာ မြင်တွေ့ လေ့လာ နိုင်ပါတယ်။ 
Aung Ko Htet



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားများနေ့ မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်မားများအတွက် ထုတ်ပြန်ကြေညာ

0
2:56

မလေးရှားနိုင်ငံသို့ရောက်ရှိနေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် လာမဲ့နှစ်သစ်မှာ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ ခံစားအခွင့်ဥပဒေ ရရှိရေးအတွက် နိုင်ငံတကား စံချိန်နဲ့အညီ မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ရှေးဆက် ကျနော်တို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ရေး စင်တာ (MMRC)က နိုင်ငံတကာ အလုပ်သမားဥပဒေများနှင့် မလေးရှားအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(MTUC)တို့အပါအ၀င် ထိရောက်မှုရှိတဲ့ အလုပ်သမားဥပဒေများနဲ့အညီ မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဆက်လက်ရပ်တည်ပေးသွားမည်ဖြစ်သည်။
မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မလေးရှားနိုင်ငံတွင် ဥပဒေများခွဲခြားဆက်ဆံခံနေရခြင်း၊ အခြေခံလစာ တရားဝင်သတ်မှတ်ထားသော်လည် လုပ်ခလစာများခေါင်းပုံဖြတ်ခံနေရခြင်း၊ လုပ်ငန်းခွင် ပြောင်းရွှေ့လုပ်ကိုင်ခြင်းများကို၊ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကျိုးဖောက်ခံရမှုတွေက တနှစ်ထက် တနှစ် ပိုမိုများပြားလာခဲ့ပြီ အလုပ်သမားဥပဒေကျိုးဖောက်မှုတွေလဲ ရှိခဲ့သည်၊ ယခုနှစ်တွင် မြန်မာရွှေ့ပြောင်းလုပ်သမားတွေရဲ့ အလုပ်သမားပြဿနာ လက်ခံရရှိခဲ့တဲ့အမှု ၁၆၂ မှု ရရှိခဲ့ပြီ ဆက်လက်ရင်ဆိုင်နေရတဲ့အမှု ၁၆ မှု၊ ၉၇ မှုက အနိုင်ရရှိပြီ၊ ၃၂ မှုမှာ အမှုပိုင်ရှင်းများ လာရောက်ခြင်းမရှိတဲ့အတွက် ဆိုင်ငံ့ထားခဲ့ခြင်းဖြစ်ပြီ ၁၇ မှုက ပိုင်ရှင်မဲ့ဖြစ်သွားသည်။
ကျနော်တို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ရေး စင်တာ (MMRC)အဖွဲ့သည် မည်သည့်အဖွဲ့အစည်း မည်သည့်ပုဂ္ဂိုလ်ကိုဆီမှ ငွေကြေးထောက်ပံ့မှုများကို လက်ခံရယူထားမှုမရှိကြောင်း ဖြစ်သလို မည့်သည်အဖွဲ့အစည်း၏ လက်အောက်မှာ ရပ်တည်မှုမရှိခဲ့ပါ ကျနော်တို့ မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မိမိရဲ့ အိတ်စိုက် ကိုယ်ပိုင် ပိုက်ဆံများနှင့်သာ ရပ်တည်သော အဖွဲ့ဖြစ်သည်။
ကျနော်တို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ရေး စင်တာ (MMRC)အဖွဲ့ကို ၀ိုင်ဝန်းကူညီထောက်ပံပိုပေးခဲ့တဲ့ မလေးရှားအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(MTUC) ရှေ့နေများနဲ့ မလေးရှားရှေ့နေကောင်စီများနှင့် မလေးရှားအတိုက်အခံပါတီ ၄ ပါတီများက ကျနော်တို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ရပ်တည်ပေးခဲ့ခြင်းဖြစ်ပါသည်။

Source: MMRCမှ ပေးပို့လာခဲ့သည်။
 

MMRC ဖုန်းနံပါတ်  (ကိုလတ်- ၀၁၆၃၂၁၀ ၉၆၆) 
                                           (ကိုရန်နိုင်ထွန်း -၀၁၂ ၆၈၈ ၄၃၇၇)




ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →

နည်းပညာပံ့ပိုးကူညီမှု မည်မျှကောင်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည့်ရင်သွေး လူငယ်ကလေးများသာ အဓိက ဖြစ်သည်ကို သိမြင်နိုင်ကြပါစေ

0
23:25




▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★နည်းပညာပံ့ပိုးကူညီမှု မည်မျှကောင်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ကြသည့်
ပြည့်ရင်သွေး လူငယ်ကလေးများသာ အဓိက ဖြစ်သည်ကို သိမြင်နိုင်ကြပါစေ★
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ အသံ၊ မီး နဲ့ မီးရှုး မီးပန်းများနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှ နည်းပညာကို အသုံးပြုတဲ့အပေါ် ဝေဖန်နေတာ တွေ့ရ ပါတယ်။

မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဟာ အစိုးရ က လုပ်တာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေက အိမ်ရှင်အဖြစ်ကျင်းပတာဖြစ်ပါတယ်။ အစိုးရက ဒီတာဝန်ကို အောင်မြင်အောင် ဆောင်ရွက်ပေးတာပါ။ ဒါ့ကြောင့် ဒီပွဲကြီးအောင်မြင်စွာကျင်းပနိုင်ခြင်းဟာ မြန်မာပြည်သူများရဲ့အောင်ပွဲဖြစ်ပါတယ်။

ဒါ့ကြောင့် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများ ခမ်းနားစွာဆောင်ရွက်နိုင်ဖို့ အတွက် လိုအပ်တဲ့နည်းပညာမှန်သမျှ အသုံးပြုမှာပဲဖြစ်ပါတယ်။ အသံ၊မီး၊နဲ့ မီးရှုးမီးပန်းများနဲ့ပတ်သက်ရင် တရုတ်နိုင်ငံက နည်းပညာ ကို အသုံးပြုခဲ့သလို ရုပ်သံရိုက်ကူးထုတ်လွှင့်ရေးနဲ့ပတ်သက်ရင် အမေရိကန်နိုင်ငံက Grass Valley ကုမ္ဗဏီက ပစ္စည်းများနဲ့ နည်းပညာကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒီလိုပါပဲ ရိုက်ကူးရေးဝန်ထမ်းများကို လေ့ကျင့်ပေးဖို့ အတွက် ပြင်သစ် CFI အဖွဲ့အစည်းနဲ့ ဗြိတိန်နိုင်ငံက BBC Media Action တို့က အကူအညီပေးခဲ့ပါတယ်။

ဘာတွေလုပ်နိုင်ခဲ့တယ်ဆိုတာကို အသိအမှတ်မပြုနိုင်ပဲ ဘယ်သူလုပ်တာဆိုတာကိုပဲ ကြည့်ပြီး ပြောနေသူများ လန်ဒန်အိုလံပစ်မှာလည်း တရုတ်နည်းပညာများသုံးခဲ့ကြောင်း အောက်ပါ လင့်ခ် များမှာ လေ့လာကြည့်စေလိုပါတယ်။ မသိတဲ့လူတွေပြောတာ နားလည်ပေးနိုင်ပေမယ့် စာဖတ်ပြီး သိအောင်လုပ်ရမယ့် နိုင်ငံရေးလောက က ပုဂ္ဂိုလ်များက ပြောတာကိုတော့ သူတို့ ၀မ်းစာ မပြည့်မှု အတွက် စိတ်မကောင်းဖြစ်ရပါတယ်။

Ye Htut

China-made fireworks light up London Olympics |Industries |chinadaily.com.cn

http://www.chinadaily.com.cn/business/2012-07/28/content_15625669.htm

London Olympic Games made in China Anne McClain

http://www.ministryoftofu.com/2012/08/london-olympic-games-made-in-china/

China-made fireworks to light up London Olympics

http://www.thaindian.com/newsportal/sports/china-made-fireworks-to-light-up-london-olympics_100633895.html


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →