Mostrando entradas con la etiqueta android အတွက် မြန်မာဖောင့် များ. Mostrar todas las entradas

Root လုပ်စရာမလိုပဲ android 4.3.3 ထိအသုံးပြုနိင်တဲ့မြန်မာဖောင့်ထွက်ပြီ

0
7:54



Root လုပ်စရာမလိုပဲ android 4.3.3 ထိအသုံးပြုနိင်တဲ့မြန်မာဖောင့်ထွက်ပြီ
========================
အရင်က 4.2.2 ကျော်ရင်မြန်မာဖောင့်ထည့်ဖို့
root လုပ်မှရပါတယ် ခုဒီကောင်က 4.3.3 ထိ
root လုပ်စရာမလိုပဲ စာလုံးအလှတွေပါထည့်လို့
ရပါတယ်.....samsung ကိုအဓိက support လုပ်ပါတယ် အခြားဖုန်းများမစမ်းရသေးပါ
......... ဆြာများ creadit ပေးပါတယ်...
လိုအပ်လျှင်ဒေါင်းနိင်ပါပြီ.....
download here

PPL:)
Continue reading →

Huawei G730 အတွက် Myanmar Font APK

1
7:57

 



 
 
 Huawei G730 Myanmar Font APK
======================
Huawei G730 အတွက် မြန်မာဖောင့်ကို APK အနေနဲ့ Mpx မှ ကိုရဲလင်းအောင် မှ တီထွင်ပေးထားတာ ဖြစ်ပါတယ်ခင်ဗျာ
One Click APK ဖြစ်တဲ့ အတွက် သုံးရတာ အရမ်းအဆင်ပြေလွန်းပါတယ်
ဆိုင်သမားများ ဆောင်ထားသင့်တဲ့ Tool လေးဆိုရင် မမှားပါဘူး
G730 အတွက် ပြုလုပ်ပေးထားတာ ဖြစ်တဲ့အတွက် တခြားဖုန်း မော်ဒယ်
မှာ စမ်းလို့ အဆင်မပြေရင် တာဝန်ယူမည် မဟုတ်ပါ

Download Here >> http://d-h.st/Sjf <<
 
                              MILOSHARE


Refer >> Ko Ye Lin Aung

==========================
 
Aung MIn Han


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →

Android 4.x.x အထက် မြန်မာစာမှန်စေတဲ့ Fepfz Apk Update ထွက်ရှိလို့လာပါပြီ ။

1
2:18

Fepfz Apk @ Update V2.0 ထွက်ရှိ ။ Android 4.x.x အထက် မြန်မာစာမှန်စေတဲ့ Fepfz Apk Update ထွက်ရှိလို့လာပါပြီ ။

""" အရင်ဗားရှင်းမှာ မရသောဖုန်းများအတွက် Updade ထွက်လာတိုင်း ထိုဖုန်းများအတွက် ထပ်ပံ့ပိုးပေးသွားတာဖြစ်ပါတယ် """

မြန်မာစာရှိပြီး စာတွေမမှန်ဘူးဆိုပါက ထို Apk လေးကို အင်စတောလုပ်ပေးလိုက်ပါ 100% မြန်မာစာမှန်သွားတာကို သင်တွေ့ရပါမယ် ။

ထို Fepfz . apk ဆိုတဲ့ဆော့ဝဲကို လိုချင်သူများ ဒီလင့်မှာသွားရောက်ဒေါင်းယူပါ ဆိုဒ်က 276 KB နည်းနည်းလေးပဲရှိပါတယ် 

Version 2.0 အဖြစ် Update လုပ်ပေးလိုက်ပါတယ်။ အခု update မှာ code segment တွေအပေါ်
 မမှီခိုတော့ဘဲ ELF file structure အတိုင်းလိုက်ပြီး ပြုပြင်ပေးသွားမှာဖြစ်ပါတယ်။ ဖုန်းအားလုံးနီးပါးနဲ့ 
အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Myanmar Unicode system ကို တစ်စိတ်တစ်ပိုင်း ပြုပြင်တာတင်မဟုတ်ဘဲ စနစ်တစ်ခုလုံးကို 
အလုပ်မလုပ်နိုင်အောင်လုပ်လိုက်မှာဖြစ်ပါတယ်။

ဖုန်းဘောင်နောက်မှာ စာတွေကွယ်နေတဲ့ပြဿနာကိုလည်း ဖြေရှင်းနိုင်ပါပြီ။ 
အဲဒီပြဿနာပေါ်နေတဲ့ဖုန်းတွေလည်း update နဲ့ patch ပြန်လုပ်လို့ရပါတယ်။ 
အဲဒီပြဿနာမရှိတဲ့ဖုန်းတွေ 
(Sony) တွေကတော့ လုပ်စရာမလိုပါဘူး။ လုပ်လိုက်ရင် တစ်ချို့နေရာတွေ ပြန်မှားသွားပါတယ်။ 
အပေါ်ဆုံးမှာရေးထားသလိုပဲ MORE POWERFUL and MORE RISKY ပါ။ အားလုံးမှန်ပြီးသားဖုန်းတွေ၊ 
လက်ရှိလောက်မှန်ရုံနဲ့တင် ကျေနပ်တယ်ဆိုတဲ့ဖုန်းတွေ ထပ်မစမ်းပါနဲ့တော့။

ကျွန်တော်ပြောခဲ့သလို၊ နောက်ပြီး တစ်ချို့ comment တွေမှာ ရေးထားကြသလိုပါပဲ။ 
ကျွန်တော့်ရဲ့နည်းလမ်းဟာ ရေတိုနည်းလမ်းပဲဖြစ်ပါတယ်။ ဆေးမြီးတိုပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး 
ရည်မှန်းချက်ထားရမှာက တစ်ကမ္ဘာလုံးစံပြုထားတဲ့ Unicode System အဖြစ် 
ပီပီပြင်ပြင်ပေါ်ထွက်လာဖို့ဖြစ်ပါတယ်။

- ရရစ်ဆိုတာ တစ်ခုတည်း ရှိတော့မယ့်အချိန်

- အောက်ကမြစ် တစ်ခုတည်း ရှိတော့မယ့်အချိန်

- အီလက်ထရောနစ်မျက်နှာစာတိုင်းမှာ မြန်မာစာလွယ်လွယ်ကူကူမှန်မှန်ကန်ကန်ပေါ်မယ့်အချိန်

- Click တစ်ချက်နှိပ်လိုက်ရုံနဲ့ အက္ခရာစဉ်ကို ၁၀၀ ရာခိုင်နှုန်း မှန်အောင်စဉ်ပေးနိုင်မယ့်အချိန်

- ဝလုံး 'ဝ' နဲ့ သုည '၀' မှားရိုက်မိတာနဲ့ ကွန်ပျူတာက မင်နီတားပေးမယ့်အချိန်

အဲလိုအချိန်မျိုးတွေကို ကျွန်တော်တို့မျှော်လင့်ရမှာဖြစ်ပါတယ်။

အဲဒီရည်မှန်းချက်အတွက် ကျွန်တော့်ရဲ့ဆေးမြီးတိုက အဟန့်အတားဖြစ်မနေစေဖို့ Unpatch feature တွေ
 
 ထည့်သွင်းပေးထားပါတယ်။ Patch မလုပ်ခင် မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိစေနိုင်ပါတယ်။


ကျွန်တော့်ရဲ့ email ထဲ၊ facebook message ထဲကို ဖုန်းအတွက်၊ ကွန်ပျူတာအတွက် 
အကူအညီတောင်းတဲ့စာတွေလည်း ရောက်လာပါတယ်။ ကျွန်တော်အရင်ကပြောခဲ့သလိုပါပဲ။
  ကျွန်တော်ဟာ ဒီ field ထဲက professional တစ်ယောက် မဟုတ်ပါဘူး။ 
ဝါသနာရှင်တစ်ယောက်သာလျှင် ဖြစ်ပါတယ်။ ကျွန်တော်မဖြေရှင်းနိုင်တဲ့ ပြဿနာတွေအတွက် reply 
မပြန်ပေးနိုင်တာကို နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

dr.kyawzawnaing@gmail.com ထဲသို့ MecTel 800 MHz ငွေဖြည့်ကဒ်ကုဒ်များပို့ပေးပြီး support 
လုပ်ပေးကြသူများ၊ email, facebook တို့ထဲသို့ message များ post 
များဖြင့် ကျေးဇူးတင်စကားပြောကြားပြီး support လုပ်ပေးကြသူများ၊ ကျွန်တော့်ရဲ့ အစမ်းသပ်ခံ 
အရင်းနှီးဆုံးသူငယ်ချင်းများနဲ့ အခြားကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။


အားလုံး အဆင်ပြေကြပါစေခင်ဗျာ။
 
 
 
 
 
DOWNLPAD > TUSFILES 
 
DOWNLOAD -  SOLIDFILES


Download here : http://www.mediafire.com/download/100140427b98g3e/fepfz(v2.0).apk






ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →

MMSD Smart Zawgyi v1.3.1 (Stable)

1
9:45

MMSD Smart Zawgyi v1.3.1 (Stable)

MMSD Smart Zawgyi v1.3.1 ကတော့ Orient Myanmr Font ကိုအခြေခံထားတာပါ။

မည့်သည့်ဖောင် Changer နဲ့ထည့်ထည့်မြန်မာစမပေါ်သော Y511

0 တွေပေါ်ပေါ်နေတက်သော G610, Y320 တို့အပြင်

Samsung,Sony,Huawei,HTC,imobile နှင့်မည်သည့် Model မဆိုအသုံးပြုနိုင်ပါတယ်။

Android version 1.6 ကနေ 4.4 အထိအသုံးပြုနိုင်ပြီး

Android 4.1 နဲ့အထက်တွေမှာအသုံးပြုမယ်ဆိုရင် အရင် ဇော်ဂျီထက် ပိုမိုမြန်မာစာမှန်ပါတယ်။

Android App ဖြစ်သည့်အတွက် ဖုန်းအတွင်းထည့်သွင်းအသုံးပြုရန်လိုအပ်ပါသည်။

မိမိဖုန်းအား Root ဖောက်ထားရန်လိုအပ်ပါသည်။

Google Playstore ကနေ ဒေါင်းလော့ဆွဲခြင်းဖြင့်ကူညီပါ။

Vote လေးပါပေးခဲ့အုံးနော်။

https://play.google.com/store/apps/details?id=com.phyochan.smartzawgyi


Playstore မရှိသူများဒီကဒေါင်းပါ။

http://www.mediafire.com/download/9c93g8ozbgc2b5z/MMSD_Smart_Zawgyi_v1.3.1.apk


ဒီ Font Changer နဲ့ချိန်းပြီးရင် ဒီဖိုင်လေးကိုဒေါင်းလိုက်ပါ။

http://www.mediafire.com/download/xp4fuss4xygax54/fepfz(MMSD).apk


ပြီးရင် Patch & Reboot ကို နှိပ်လိုက်ပါ။ မြန်မာစာလုံးဝမှန်ပါပြီ။

http://www.myanmarmobilesoftwaredeveloper.com/?p=906


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →

jellay brean 4.1.2 တွေအထက်မှာမြန်မာစာမှန်ပြီ

0
9:09
Android ဖုန်းတစ်လုံးကို မြန်မာစာမှန်အောင်လုပ်ခြင်း

ကျွန်တော်က cdma 800 mHz ကဒ်နဲ့ C8813 ကိုင်ပါတယ်။ GSM ကော ထည့်လို့ရအောင် MIUI rom ပြောင်းထားပါတယ်။ အကုန်အဆင်ပြေပါတယ်။ မြန်မာစာ အဆင်မပြေတာတစ်ခုကလွဲလို့။

ကျွန်တော့်သူငယ်ချင်းတွေလည်း HTC One ကိုင်တဲ့တစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေအားလုံး မြန်မာစာ လွဲကြပါတယ်။ အင်တာနက်ပေါ်မှာရှာတော့လည်း အဖြေမတွေ့။ မှန်အောင်လုပ်နိုင်တယ်ဆိုတဲ့ model ကလည်း တစ်လုံးနှစ်လုံးရယ်။ လူအတော်များများလည်း ဒီပြဿနာတက်နေကြပါတယ်။ ကျွန်တော်လည်း အတတ်နိုင်ဆုံး ဖြေရှင်းကြည့်တယ်။ ဒီအတွက် အချိန်တွေအများကြီး ပေးခဲ့ရတယ်။

JB ရဲ့ ပြဿနာက unicode font ကို support လုပ်လိုက်ခြင်းပါ။ unicode အတိုင်းဆိုရင် 'အမေ' လို့ ပေါ်ဖို့အတွက် 'အမေ' လို့ ရိုက်ရပါမယ်။ ကျွန်တော်တို့က 'အမေ' လို့ ရိုက်လိုက်ရင် 'အေမ' လို့ သွားပေါ်ပါတယ်။ နောက်ထပ်ပြဿနာတက်တာက အသတ်တွေပါ။

ပြဿနာက font rendering engine ထဲမှာ ရှိနေပါတယ်။ တစ်ချို့ model တွေကို font ပြောင်းထည့်ပြီး ဖြေရှင်းကြပါတယ်။ တစ်ချို့လည်းအဆင်ပြေတယ်။ အဆင်မပြေတာက ပိုများပါတယ်။ ကျွန်တော်လည်း font rendering ကို ပြောင်းကြည့်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဘယ်လိုမှအဆင်မပြေပါဘူး။ မျက်စိညောင်းသွားတာသာ အဖတ်တင်ခဲ့တယ်။

ဒါနဲ့ နောက်တစ်နည်းဖြစ်တဲ့ font rendering engine ကို patch လုပ်ဖို့ ကြိုးစားပါတယ်။ ကျွန်တော်ရှာလို့ရသလောက် font rendering engine က /system/lib/libskia.so နဲ့ /system/lib/libharfbuzz.so ဆိုတဲ့ file နှစ်ခုထဲမှာရှိနေတယ်။ ပြဿနာကလည်း အဲဒီထဲမှာရှိနေပါတယ်။ ရှိနေတယ်ဆိုတာကိုသိပေမယ့် ဘယ်လိုဖြေရှင်းရမယ်မှန်း မသိဘူးဖြစ်နေတယ်။ libskia.so နဲ့ ရက်အတော်ကြာ တိုင်ပတ်နေသေးတယ်။

နောက်ဆုံး android source code ကို ဖတ်ကြည့်တော့မှ ပြဿနာက libharfbuzz.so မှာရှိနေမှန်း သိသွားပါတယ်။ အဲဒါကို ကျွန်တော် IDA Pro နဲ့ reverse engineering ပြန်လိုက်တယ်။ သဝေထိုးတွေ၊ ငသတ်တွေကို ရှေ့နောက်မစီနိုင်အောင် လုပ်ပစ်လိုက်တယ်။ အဲလိုနဲ့ ကျွန်တော့် C8813 မြန်မာစာ မှန်သွားပါတယ်။

လုပ်ပုံလုပ်နည်းက ဖုန်းထဲကနေ libharfbuzz.so ကိုထုတ်တယ်။ computer ထဲမှာ reverse engineering ပြန်လိုက်တယ်။ code တွေပြင်တယ်။ နောက်ပြီး ပြန်ထည့်တယ်။ ပြဿနာက ဖုန်းတစ်လုံးချင်းစီအတွက် သီးသန့်လုပ်ရပါတယ်။ libharfbuzz.so ကို တခြားဖုန်းထဲကယူထည့်ရင် boot loop ဖြစ်သွားပါတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ချို့ကိုလည်း မှန်အောင်လုပ်ပေးလိုက်တယ်။ အဆင်ပြေပါတယ်။

နည်းပညာရသွားပြီဆိုတော့ ရောင်းစားမလားလို့ ကျွန်တော်စိတ်ကူးမိပါသေးတယ်။ ကျွန်တော့်ကို ပြဿနာဖြစ်နေတဲ့ file ကိုပေး၊ ကျွန်တော်က patch လုပ်ပေးမယ်ပေါ့။ အခုလက်ရှိနည်းပညာအရကလည်း အများစုတစ်ပြိုင်တည်းလုပ်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ကျွန်တော်ရမယ့်အကျိုးအမြတ်က နည်းနည်းရယ်။ တကယ်လို့ ဖုန်းအားလုံး မြန်မာစာမှန်မယ်ဆိုရင် အတော်များများပျော်ကြရမှာ။ အဲလိုနဲ့ နောက်ဆုံး free ရအောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဓိကပြဿနာက အဲဒီမှာစပါတယ်။ model မတူတဲ့ဖုန်းတွေအများကြီးကို တစ်လုံးချင်းဆီ patch file ထုတ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ အဲဒီနားမှာတော့ ကျွန်တော့်ဦးနှောက် အရည်ပျော်ကျမတတ် စဉ်းစားရပါတယ်။ နောက်ဆုံး ကံကောင်းစွာနဲ့ ဖုန်းအားလုံးနီးပါးမှာ ပြင်ရမယ့် code segment လေးက သွားတူနေပါတယ်။ ကျွန်တော်က byte တွေ bit တွေနဲ့ ကစားရတာကို ဝါသနာပါတယ်။ အပြန်ပြန်အလှန်လှန်ကြိုးစားပြီးနောက်မှာ one click tool လေးတစ်ခုကို C++ နဲ့ ရေးနိုင်ခဲ့ပါတယ်။

အဲဒီ one click tool လေးကို ထုတ်ပေးတော့မလားလို့ စဉ်းစားလိုက်ပါသေးတယ်။ ဒါပေမယ့် သုံးသူအားလုံး တကယ့်ကို free ရစေချင်တယ်။ one click tool လေးက computer မရှိတဲ့သူအတွက်ဆို အဆင်မပြေပြန်ဘူး။ နောက်ပြီး ကျွန်တော်အလကားပေးထားတဲ့ tool လေးကို တစ်ချို့တွေက အခကြေးငွေယူပြီး လုပ်စားကြဦးမယ်။ အဲလိုနဲ့ နောက်ထပ်တစ်လှမ်း ဆက်လှမ်းရပါတယ်။

အဲဒါကတော့ လူတိုင်းလွယ်လွယ်ကူကူသုံးဖို့ apk ထုတ်ပေးဖို့ပါ။ android programming က ကျွန်တော်ကျွမ်းကျင်လှတဲ့ ဘာသာရပ်မဟုတ်ဘူး။ နောက်ပြီး UI တွေရေးတဲ့နေရာမှာ ကျွန်တော်တော်တော်ညံ့တယ်။ C++ ကနေ Java ပြောင်းဖို့ကို အချိန်တော်တော်ယူလိုက်ရပါတယ်။ နောက်ဆုံးမှာတော့ apk file လေး ထွက်လာခဲ့ပါတယ်။ အလှကြီးမဟုတ်ပေမယ့် ကြည့်ပျော်ရှုပျော်လို့ ပြောလို့ရမယ့်ဒီဇိုင်းလေးနဲ့ပါ။

အဲဒီ apk လေးက ဒီလိုအလုပ်လုပ်ပါတယ်။
- /system/lib/libharfbuzz.so ကို သူ့ files directory ထဲကို backup ဆိုတဲ့ နာမည်နဲ့ copy ကူးယူတယ်။
- အဲဒီ copy ကူးထားတဲ့ file လေးကို byte တစ်ချို့ပြင်ပြီး temp ဆိုတဲ့ file အနေနဲ့ ရေးလိုက်တယ်။
- အဲဒီ temp file လေးကို /system/lib/libharfbuzz.so ဖိုင်နေရာမှာ အစားပြန်ထိုးပါတယ်။

အလုပ်လုပ်သွားပုံက လွယ်လွယ်ကလေးပါ။ ဒါပေမယ့် အဲဒီအတွက် တော်တော်ကြိုးစားခဲ့ရပါတယ်။

apk file လေး အကြမ်းထွက်လာတော့ ကျွန်တော့်သူငယ်ချင်းတွေရဲ့ ဖုန်းတွေမှာ လိုက်စမ်းပါတယ်။ နောက်ဆုံး စိတ်ချရလောက်ပြီဆိုတဲ့အချိန် တင်ပေးလိုက်တာပါ။ ကျွန်တော်ကတော့ စိတ်တိုင်းမကျလှသေးဘူး။ ဒါပေမယ့် သူငယ်ချင်းတွေက အတင်းတင်ခိုင်းတာနဲ့ တင်လိုက်ရပါတယ်။ ကျေးဇူးတင်ရမယ့်သူတွေထဲမှာ သူတို့တွေလဲ ပါပါတယ်။ (Soe Min Htut, Khun Htun Hla, Khaing Khant Lwin)

PATCH_FAIL_ERROR ဖြစ်ရတဲ့အကြောင်းရင်းက code segment မကိုက်လို့ပါ။ အဲဒီဖုန်းတွေအတွက် /system/lib/libharfbuzz.so ဆိုတဲ့ file လေးကို dr.kyawzawnaing@gmail.com ကို ပို့ပေးထားပါ။ နောက်ပိုင်း အဲဒီ code segment လည်း ပြင်လို့ရအောင် update ထုတ်ပေးပါ့မယ်။ ကြန့်ကြာနေခဲ့ရင်လည်း သည်းခံပေးပါ။

နောက်ပြီး ကျွန်တော့်ရဲ့ app ဟာ unicode နဲ့ ပိုဝေးသွားစေတာအတွက်တော့ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ဟာ ရှေ့ကိုတိုးတာမဟုတ်ဘဲ နောက်ကိုပြန်ဆုတ်လိုက်ခြင်းသာဖြစ်ပါတယ်။

IT ဖွံ့ဖြိုးဖို့ဆိုရင် developer တွေကို အားပေးဖို့လိုပါတယ်။ ဒါကြောင့် သူတို့ရောင်းတဲ့ app တွေကို ဝယ်ယူအားပေးစေချင်ပါတယ်။ သူတို့ဆိုတဲ့အထဲမှာ ကျွန်တော်တော့ မပါပါဘူး။ ကျွန်တော်ဟာ ဝါသနာရှင်အဆင့်ပဲရှိပါတယ်။

ဘယ်လိုပဲဆိုဆို အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အားလုံးပျော်နေကြတဲ့အတွက် ကျွန်တော်လည်းပျော်ပါတယ်။ brick ဖြစ်သွားတယ်လို့ မကြားရသေးတဲ့အတွက်လည်း ဝမ်းသာပါတယ်။ donate လုပ်ချင်သူများအနေနဲ့တော့ dr.kyawzawnaing@gmail.com ကို MecTel 800 MHz ငွေဖြည့်ကဒ် ကုဒ်နံပါတ်များ ပို့ပေးနိုင်ပါကြောင်း :D





ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →

Y511 မြန်မာစာအဆင်ပြေတဲ့ MMSD Smart Zawgyi v1.3

0
12:42



Y511 မြန်မာစာအဆင်ပြေတဲ့ MMSD Smart Zawgyi v1.3 လာပါပြီ။

အရင် version v1.2 မှာမရတဲ့ ဖုန်းတွေကိုထက်ဖြည့်ပေးထားပါတယ်

Android version 1.6 ကနေ 4.2.2 အထိအသုံးပြုနိုင်ပါတယ်။

Sony တွေမှာလဲအသုံးပြုနိုင်ပါတယ်။

လက်တလောရေပန်းစားနေတဲ့ Y511 တွေလဲအဆင်ပြေပါပြီ။

Y320, G610 ကဲ့သို့သောဖုန်းတွေ ၀လုံးတွေမတက်ပဲအဆင်ပြေပြေရေးနိုင်ဖတ်နိုင်ပါတယ်။

iMobile istyle များနှင့် တရုတ်ဖုန်းများအားလုံးအဆင်ပြေပါတယ်။

ဝလုံးတက်တဲ့ဖုန်းတိုင်းအဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။

Root Access ရှိဖို့တော့လိုအပ်ပါလိမ့်မယ်။

Font Changer ပြီးသွားတဲ့အခါမှာ Restart ချပေးဖို့လိုအပ်ပါတယ်။

သူ့အလိုလိုတော့ Restart ကျသွားအောင်လုပ်ပေးထားပါတယ်. . .

တစ်ချို့ဖုန်းတွေမှာ Font Change ပြီးပြီးခြင်း တရုတ်စာတွေတက်လာပေမဲ့

Restart ချပေးလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်. . .

မည့်သည့် Font မှမပျက်ပါဘူး

Frozenkeyboard v1.1.3 တစ်ခါထဲထည့်ပေးထားပါတယ်။

အဆင်ပြေပါစေ

ဒီမှာဒေါင်းပါ။

Download Here(Mediafire)

Download Here(Zippyshare)

Download Here(Sharebeast)

Download Here (Mediafire)

Download Here (Dev host)

http://www.myanmarmobilesoftwaredeveloper.com/?p=8865


ကိုလတ်(ကျွဲဆင်း)




ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →

Free Myanmar Browser Version 1.4 ထွက်ပြီ ..

0
9:30


Free Myanmar Browser Version 1.4 ထွက်ပြီ ..

Free Myanmar Browser Version 1.4 ကို Google Play Store မှာ Publish လုပ်ပြီးပါပြီ .. Bug Fix တချို့နဲ့ Performance ခုထက်ကောင်းအောင် ကြိုးစား ကလိထားပါတယ် ..

မသိသေးတဲ့ Android User တွေ အတွက် ထပ် မိတ်ဆက်ပေးလိုက်ပါတယ် ..
[✔] Android 4.0 နဲ့ အထက် အားလုံးမှာ အဆင်ပြေပါတယ် ..
[✔] ICS & JB တွေမှာ ဖောင့်တွေ ရှေ့နောက် မလွဲတော့ပါဘူး ..
[✔] စာရိုက် ဖို့ အတွက်လည်း အဆင်ပြေပါတယ် .. (ကီးဘုတ်တခုတော့ Install လုပ်ရပါမယ်)
[✔] Browser မှာတွေမှာ ပုံမှန်ပါလေ့ရှိတဲ့ Features တွေ အားလုံးပါပါတယ် ..
[✔] Root လုပ်ဖို့ မလိုပါဘူး
[✔] ဇော်ဂျီဖောင့်၊ ဝင်းအင်းဝဖောင့်တွေကို ထည့်ပေးစရာ မလိုပါဘူး ..

Download Links
 
Google Play Store
 
http://1stmm.net/download/free-myanmar-browser

အောက်မှာလည်း ဒေါင်းလို့ရပါတယ်


MEDIAFIRE | SHAREBEAST | BOX | ZIPPYSHARE | SENDSPACE | TUSFILES


 ကျေးဇူးတင်ပါတယ် ..


ကိုလတ်(ကျွဲဆင်း)
Continue reading →

Huawei G610S (G610-U00) နဲ့ G610 (G610-C00) ကို မှန်ကန်တဲ့ Smart Zawgyi မြန်မာဖောင့်သွင်းနည်း (FOR Rooted Device)

1
20:27


Huawei G610S (G610-U00) နဲ့ G610 (G610-C00) ကို မှန်ကန်တဲ့
Smart Zawgyi  မြန်မာဖောင့်သွင်းနည်း (FOR Rooted Device) 
1. Download ဆွဲပြီးလို့ ရလာတဲ့ G610S Correct MyanFont.zip ဆိုတာလေးကို ကြိုက်နှစ်သက်တဲ့နေရာလေးမှာ ဖြည်ချလိုက်ပါ။
2. အရင်ဆုံး မိမိစက်မှာ Android ADB တွေ ရှုပ်နေတာကို ရှင်းဖို့အတွက် အဲ့ထဲမှာပါတဲ့ Android ADB Killer လေးကို အရင်နှိပ်ပေးလိုက်ပါ။ Service သမားများအတွက်ကတော့ တစ်လုံးသွင်းခါနီး တစ်ခါနှိပ်လေပိုကောင်းပါတယ်။ အခြားသော ADB Server Out of Date ဖြစ်နေတာတွေအတွက်လဲအကြုံးဝင်ပါတယ်။
3. နှိပ်ပြီးသွားရင်တော့ ဇာတ်လိုက်မင်းသားကြီး G610SmartZawgyi.exe ဆိုတာလေးကို Click လိုက်ပြီး Enter ခေါက်ပေးလိုက်ပါ။
4. သူ့ပာာသာသူ Install လုပ်ပေးသွားပါလိမ့်မယ်။ ပြီးသွားရင်တော့ Reboot ကျသွားပြီး ပြန်တက်လာရင် မိမိရဲ့ G610S လေးပာာ မြန်မာဖောင့်မှန်ကန်စွာနဲ့  လန်းသွားပါလိမ့်မယ်။

      Download Link :  
 

 

 

credit to kaung myat

အိုင်တီခေတ်

Continue reading →

Dancy Font Installer PC Version

1
16:24
 
 
မင်္ဂလာပါခင်ဗျ

အခုပြောပြပေးမှာ ကတော့ ဘာမှ ထွေထွေထူးထူးခဲရာခဲဆစ် မဟုတ်ပေမယ့်
မြန်မာဖောင့်အလှ အသုံးပြုချင်သူများအတွက်ပါခင်ဗျ
( တရုတ်ဖောင့်တော့ပျက်ပါလိမ့်မည်)

ဘယ်လိုအသုံးဝင်လဲဆိုတော့ မြန်မာဖောင့်အလှ လေးများအသုံးပြုခြင်သူများအတွက်သာရည်ရွယ်ပါသည်
အခုအသုံးပြုထားတဲ့ဖောင့်ကတော့ DancyFont.ttf ကိုအသုံးပြုထားတာဖြစ်ပါတယ်။
ထို့ကြောင့် တရုတ်ဖောင့်တော့ ပျက်ပါလိမ့်မည်။
အကယ်၍ DancyFont ကိုအသုံးမပြုချင်တော့သည့် အခါမှာလည်း
( တရုတ်စာမပျက်သောမြန်မာဖောင့်)
ဆိုတာလေးကိုကလစ်ပေးယုံဖြင့် ဖုန်းမှာ ပုံမှန်အတိုင်း တရုတ်စာ ပြန်မြင်ရမှာဖြစ်ပါတယ်
( ဖန်ဝဲလ် တင်စရာလုံးလုံးမလိုပါဘူးခင်ဗျ )


DancyFont ကိုအသုံးပြုဖို့အတွက် ဘာတွေလိုအပ်သလဲဆိုရင်
ဖုန်းမှာ Root Access ရှိတဲ့ဖုန်းများအတွက်တခု

ဖုန်းမှာ CWM Recovery ရှိတဲ့ဖုန်းများအတွက်တခု

အကယ်၍ တရုတ်စာကော မြန်မာစာကောမြင်ချင်သူများအတွက် တခု
ဆိုပြီးပြုလုပ်ထားပါသည်။ ( Root , CWM Recovery တော့လိုပါသည်)

ကဲ..စာလည်းရှည်နေပြီကျွန်တော်လည်းအိပ်ချင်ပြီ
အခုတောင်မနက် 4 နာရီကျော်ပြီ

အောက်မှာဒေါင်းလော့ဆွဲနိုင်ပါတယ်

Download Here
Mediafire Link                             Dev-Host Link   


DancyFont  အသုံးပြုထားရင် ဖုန်းမှာ အောက်ကလိုပေါ်မှာပါ



" If you want to develope yourself, develope other "

သားသား
Chateau Man
 
 
Continue reading →

Android အတွက် ဖောင့်ဒီဇိုင်း DancyFont.zip

0
9:23
 
 
 
 
မင်္ဂလာပါခင်ဗျာ
အခုပြောပြမှာကတော့

DancyFont.zip  လေးပဲဖြစ်ပါတယ်.
DancyFont.zip ဟာဘာလဲဆိုတော့ CWM Recovery ရှိတဲ့ဖုန်းတွေ အတွက်  Recovery Mode 
ကနေ ဝင်၍ Install ယူရမှာဖြစ်ပါတယ်
 ( တရုတ်စာတော့ပျက်ပါတယ်)

အဲဒီ ဇစ်ရဲ့ မူရင်းကို ကိုဌေးလှိုင်ဦး ရဲ့ HWMMFont.zip ကိုပြန်၍ ကလိထားခြင်းဖြစ်ပါတယ်
အဲဒီတော့ ဒီ Dancyfont.zip  ဟာ ကျွန်တော်လုပ်ထားတာပါလို့တော့ မပြောပါနဲ့နော်

ဟီးး
ကဲအောက်မှာဒေါင်းပါ
 

အောက်ကပုံလေးတွေကတော့ DancyFont.zip  အသုံးပြုထားတဲ့ ဖုန်းမှာမြင်ရတဲ့ဖောင့်လေးတွေပါ







" If you want to develope yourself , develope other "

( သားသား )
Continue reading →

Android ဖုန်းတွေမှာ မြန်မာစာဖောင့် ဒီဇိုင်းလှလှလေးတွေကို မိမိစိတ်ကြိုက်သွင်းကြမယ်

3
18:23


ဒီတစ်ခါ အလန်းလေးလာပြီ။ စက်ရုပ်တွေမှာ ဖောင့်တွေကိုမိမိစိတ်ကြိုက်သွင်းလို့ရနိုင်မယ့်နည်းလမ်းလေးပါ။
ပထမဆုံးလိုအပ်တဲ့ FILE  တွေကို အရင်ဒေါင်းလိုက်ပါ။

 
 

ttf ဖိုင်တွေက သူ့ချည်းပဲဆို install မောင်းလို့မရပါဘူး။ Root Explorer နှင့်လုပ် ရင်ရပေမယ့် တစ်ခုခုမှားသွားရင် ပြသနာတက်ပါတယ်။ဒါ့ကြောင့်ဒီနည်းလေးကို ပေးလိုက်တာပါ။
နံပါတ် 1နှင့် 2.မှာပါတဲ့ RA Rနှင့် Zip ဖိုင်ကိုဖြည်ပြီး SD ကဒ်ထဲကို ထည့်လိုက်ပါ။
နံပါတ်3.မှာပါတဲ့ font installer apk ကို install မောင်းလိုက်ပါ။ပြိးရင် font installer ကိုဖွင့်လိုက်ပါ။
အောက်ပါအတိုင်းမြင်ရပါလိမ့်မယ်။ အော် အဲလိုမြင်ဖို့ local က နေ ခုနက ttf တွေထည့်ထားတဲ့ 
folder ထဲကို အရင်သွားလိုက်ပါ။ အဲဒါဆိုအောက်ကလိုမြင်ရပါမယ်။အဲဒါက နံပါတ်1 ဖိုဒါ ကိုသွားပြီး ပါတဲ့ 
ttf ဖိုင်တွေပါ ။သူတို့ရဲ့ ဒီဇိုင်းကိုလည်း တစ်ခါတည်းမြင်ရပါတယ်။ ttf  ဖိုင်တွေက ဖုန်းမှာ ဒီတိုင်းဆိုဘာမှမမြင်ရပါဘူး။ဒီဆော့ဝဲထဲမှာမြင်ရတာပါ။
နံပါတ်2 မှာပါတဲ့ font ttf 2ဖိုင်တွေကတော့ မြန်မာစာတွေကို ဒီဇိုင်းပြောင်းမသွားပဲ ရိုးရိုးဇော်ဂျီဖောင့်အတိုင်း ရှိနေပါမယ်။English တွေပဲဒီဇိုင်းပြောင်းသွားမှာပါ။ 
နံပါတ် 1.မှာပါတဲ့ Font ttf ဖိုင်တွေက မြန်မာစာတွေကိုပါ ဖောင့်စတိုင်ပြောင်းလဲပေးနိုင်ပါတယ်။
ပထမဆုံးကိုယ်ကြိုက်ရာဖိုင်တစ်ခုခုကို install လုပ်ကြည့်လိုက်ပါ။
   
 
Install ကိုနှိပ်လိုက်ပါ။
 
 
Reboot တောင်းရင် yes ကိုနှိပ်လိုက်ပါ။
 
 

ပြန်တက်လာရင်တော့ ကိုယ်သွင်းထားတဲ့ ဖောင့်ဒီဇိုင်းလှလှလေးတွေကို မြင်တွေ့ရမှာပါ။
အောက်မှာ နမူနာကျနော်စမ်းထားတာတွေပါ။

 

အပေါ်ကပုံကတော့ ArtHouse05.ttf ကိုထည့်ထားတာပါ။

  

ဒီပုံကတော့ Dancing Zawgyi.ttf ကိုထည့်ထားတာပါ။

 

ဒါကတော့ pyinoolwin.ttf ကိုထည့်ထားတာပါ။

 
 
 
ဒါကတော့ Sony.ttf ကိုသွင်းထားတာပါ။
ဒီထက်မက ttf file တွေလိုချင်သေးရင် အင်တာနက်ဖွင့်ပြီး Sever ဆိုတဲ့နေရာကနေ ရှာဖွေပြီးသွင်းနိုင်တယ်နော်။
တခြား ဖောင့်တွေကိုလည်း ကလိကြည့်လိုက်ပါဦး။ပျော်ရွှင်ပါစေ။ 
 

  Credit : IT စုဗူး
 
 
အိုင်တီခေတ်




Continue reading →

1st Myanmar Browser Version 2.1 နဲ့ Free Myanmar Browser Version 1.3

0
7:52



1st Myanmar Browser Version 2.1 နဲ့ Free Myanmar Browser Version 1.3 တို့ကို

 Publish လုပ်ပြီးပါပြီ ..

Browser နှစ်ခုလုံးမှာ တရုတ်စာ၊ ဂျပန်စာတွေ မပေါ်ဘူးဖြစ်နေတာကို ပြင်ထားပါတယ် ..

 နောက်တခုက Facebook Status မှာ ဓါတ်ပုံတင်လို့ အဆင်မပြေတာကို ပြင်ထားပါတယ် ..

 Comment မှာ ဓါတ်ပုံတင်လို့ ရပါပြီ .. Tagging လုပ်တာ .. Feeling ထည့်တာတွေ အတွက်လည်း 

အကုန် အဆင်ပြေပါတယ် ..

ဘယ် Android Version ပဲဖြစ်ဖြစ် မြန်မာစာလည်း ရှေ့နောက် မလွဲဘူး ..

မြန်မာစာ ကီးဘုတ်အားလုံးနဲ့လည်း အဆင်ပြေပါတယ် .. 


1st Myanmar Browser (v2.1)

https://play.google.com/store/apps/details?id=org.firstmm.browser

Free Myanmar Browser (v1.3) (Android Version 4 နှင့်အထက်မှာပဲ Install လုပ်လို့ ရပါတယ်)
Official Website


ကျေးဇူးတင်ပါတယ် ...


Ref to 1stmm.net


အိုင်တီခေတ်


Continue reading →