Mostrando entradas con la etiqueta IOS များ. Mostrar todas las entradas
iPhone, iPad Reset Settings များအကြောင်း
0
20:01
ယခုတစ်လော ကျွန်တော့်ထံ အများဆုံးရောက်လာသော စာတွေထဲမှာ "Reset" လုပ်တာနှင့် ပက်သက်တဲ့ အကြောင်းအရာတွေ ပါဝင်လာပါတယ်။ အချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် Factory Reset ပြန်လုပ်ချင်တယ်။ အချို့ကလည်း မိမိ၏ဖုန်းကို ရောင်းလိုက်ပြီးမှ တစ်ခြားသူက မိမိ၏ Data တွေ ရယူအလွဲသုံးစား လုပ်နေကြောင်းတွေ ကြားသိရပါတယ်...
ဤအကြောင်းအရာများ အားလုံးဟာ "Reset" လုပ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပါတယ် ဒါကြောင့် iPhone, iPad "Reset" လုပ်ခြင်းကို ရှင်းလင်းစွာ သိရှိနားလည်နိုင်စေရန် ရေးသားဖော်ပြလိုက်ပါတယ်...
iPhone, iPad တွေရဲ့ Reset Settings ကို ဖွင့်လိုက်မယ်ဆိုရင် "Reset" လုပ်နိုင်မည့် ပုံစံ (၆) မျိုးကို အောက်ပါအတိုင်း တွေ့မြင်ကြရပါမယ်...
  • Reset All Settings
  • Erase All Content and Settings
  • Reset Network Settings
  • Reset Keyboard Dictionary
  • Reset Home Screen Layout
  • Reset Location & Privacy
တို့ကို တွေ့ကြရမှာ ဖြစ်ပါတယ်၊ တစ်ခုခြင်းစီရဲ့ လုပ်ဆောင်ချက်များကို ဖော်ပြပေးသွားပါမယ်...
Reset All Settings
သည် Settings များအားလုံးကို Factory Default Reset လုပ်သွားမှာဖြစ်ပါတယ်။ WiFi, Bluetooth, Do No Disturb, Notifications, General Sounds, Brightness, Wallpaper နှင့် Privacy တို့ကို Reset ပြန်လုပ်သွားပါလိမ့်မယ်။
သို့သော် မိမိ iDevice အတွင်းရှိ Music, Videos, Photos တွေကိုတော့ ဖျက်ပစ်မှာ မဟုတ်ပဲ ကျန်ရှိနေပါလိမ့်မယ်။
ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset All Settings ကိုနှိပ်ပြီး Reset All Settings ကိုပဲ ထပ်မံနှိပ်ပါ (Apple က သေချာအောင် ထပ်မေးခြင်းဖြစ်ပါတယ်)
Reset လုပ်ခြင်း ပြီးသွားတဲ့အခါမှာတော့ iDevice ကို Reboot လုပ်ပါလိမ့်မယ်။ Warning နှစ်ဆင့် ပေးလာမှာ ဖြစ်သော်လည်း ဒါဟာ မိမိ၏ Data များကို ထိခိုက်နိုင်ခြင်းမရှိပါဘူး။
မိမိ၏ Email, SMS, iMessage တို့မှာ ဒီအတိုင်း ကျန်ရှိနေပါလိမ့်မယ်။
ယခု Reset Settings ကိုတော့ မူရင်းအတိုင်း ဖြစ်စေရန် တစ်ခုခြင်း လိုက်လံမပြင်လိုတဲ့ အခါမှာ သုံးနိုင်ပါတယ်။
Erase All Content and Settings
ယခု Reset Settings ကို အသုံးပြုမယ် ဆိုရင်တော့ အလွန်သတိထားရပါလိမ့်မယ်။ ဤ Reset Settings သည် မိမိ iDevice တွင်းရှိ အားလုံးကို အပြီးတိုင် ဖျက်ပစ်လိုက်မှာ ဖြစ်ပါတယ်။ Media file တွေဖြစ်တဲ့ Photo, video, Music တို့နှင့်အတူ Email, App အစရှိသည်တို့ အားလုံးကို တစ်ပြိုင်တည်း ဖျက်ပစ်ရန် ရည်ရွယ်ပြီး ယခု Reset Settings ကို မသုံးသင့်ပေ။
ယခု Settings ကိုသုံးလိုက်သည်နှင့် iPhone Reboot ပြန်တက်လာပါက Restore mode ရောက်သွားပြီး iTunes နှင့် ချိပ်ဆက်ပြီး Latest iOS ကို Update လုပ်မှသာ ပြန်လည်တက်လာပါမည်။ (Jailbreak လုပ်ထားပါက ပျက်သွားပါလိမ့်မည်)
ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Erase All Content and Settings ကိုနှိပ်ပြီး Erase iPhone ကိုနှိပ်ပါ။
ယခု Reset Settings ကိုတော့ သင်၏ iDevice သည် လုံးဝ ကဂျီကချောင် ဖြစ်နေတဲ့အခါမျိုး (သို့) အခြားသူအား လက်ဆင့်ကမ်း ပြန်ရောင်းရန် ရည်ရွယ်တဲ့ အခါမျိုးမှာ မိမိ၏ Data များ မပါစေရန် အသုံးပြုနိုင်ပါတယ်။
အထူး သတိပြုရန်မှာ Reset မလုပ်မီ iTunes, iCloud တို့နှင့် BackUp လုပ်ထားပါ။ Software UnLocked ပြုလုပ်ထားသော iPhone များ ဤ Reset နည်းကို လုံးဝ မသုံးသင့်ပါ။
Reset Network Settings
ယခု Reset Settings သည် Network connection နှင့် သက်ဆိုင်သော "username" "password" အစရှိသည်တို့ကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။
ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Network Settings -> Reset Network Settings
ယခု Reset Settings ကို WiFi, Network တို့ကို Factory Default ဖြစ်လိုသော အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။
Reset Keyboard Dictionary
စာရိုက်တဲ့ အခါမှာ Autocorrect feature က အလွန်အသုံးဝင်လှပါတယ် သို့သော် တစ်ခါတစ်ရံ အမည်တွေ အခြားစာတွေ ရိုက်တဲ့အခါမှာတော့ စာလုံးပေါင်း အတွက် autocorrection က ပေါ်လာပြီး ဝင်ပြင်ဖို့ ကြိုးစားပါတယ် ဒီအခါမှာ ကျွန်တော်တို့က (x) လေးကို နှိပ်ပြီး ပြင်ခွင့်မပေးပဲ ကျွန်တော်တို့ လိုသလိုသာ ရိုက်လိုက်ပါတယ် (ဥပမာ Burglish ဆိုပါတော့)။ ဒါဆိုရင် ကျွန်တော်တို့ ရိုက်လိုက်တဲ့ စာလုံးအသစ်ကို Custom dictionary ထဲကို အလိုလိုထည့်လိုက်ပါတယ်။
နောက်တစ်ကြိမ်မှာ တစ်ကယ့် english လို အမှန်အကန်ရိုက်တဲ့ အခါမှာတော့ autocorrection က ပြင်ပေးတဲ့ စာလုံးပေါင်းဟာ မှားကောင်း မှားနေနိုင်ပါတယ်။ ဒီလိုအချိန်မှာ ယခု Reset နည်းကို အသုံးပြုဖို့လိုလာပါတယ်။
ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Keyboard Dictionary -> Reset Dictionary -> Confirm
ယခု Reset Settings ကို မိမိရဲ့ Dictionary အဆင်မပြေတော့တဲ့ အခါမှာ သုံးနိုင်ပါတယ်။
Reset Home Screen Layout
ယခု Settings ကတော့ Home screen မှာရှိသော App များကို Default အတိုင်း ဖြစ်စေရန် ပြန်စီစဉ်ပေးမှာဖြစ်ပါတယ်။ ဥပမာ Stock App တွေကို စိတ်ကြိုက် အခြားနေရာမှာ ရွေ့ထားမိပါက ပုံမှန်အတိုင် ပထမဆုံး စာမျက်နှာမှာကို ပြန်လည် ပြောင်းရွေ့ပေးပါလိမ့်မယ်။
ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Home Screen Layout -> Reset Home Screen -> Confirm
ယခု Reset Settings ကို မိမိရဲ့ Stock App များ နေရာမှန် ပြန်ရောက်စေရန် အသုံးပြုနိုင်ပါတယ်။
Reset Location & Privacy
ယခု Settings ကတော့ Location နှင့် Privacy settings များကို Default အနေနှင့် ပြန်လည် Reset လုပ်ပေးမှာ ဖြစ်ပါတယ်။ Default အနေနှင့်ဆိုလျှင် Settings -> Privacy မှာ OFF ဖြစ်သွားပါလိမ့်မယ်။ ဒီအချိန်မှာ တစ်ခုသတိပေးလိုတာကတော့ "Find My iPhone" လည်း Location ကို Track လုပ်နိုင်တော့မည် မဟုတ်ပေ။
ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Location & Privacy -> Reset Settings
ယခု Reset Settings ကို အခြား Third party App များ၏ Location service များကို တစ်ပြိုင်ထဲ ပိတ်လိုသည့် အခါမျိုးတွင် အသုံးပြုနိုင်ပါသည်။ ပြန်လည် ဖွင့်လိုသည့်အခါ အချိန်မရွေး Settings -> Privacy ထဲမှ စိတ်ကြိုက် ပြန်ပြီး "Enable" လုပ်နိုင်ပါသည်။ "Find My iPhone" ကို ပြန်လည်၍ "Enable" လုပ်ထားရန် မမေ့ပါနှင့်...
အထက်ပါ အကြာင်းအရာများသည် "Reset Settings" နှင့် ပက်သက်၍ သိရှိ သဘောပေါက် နားလည်ထားသင့်သော အချက်များ ဖြစ်ပါသည်။ မည်သည့် Reset Settings ကိုပဲ သုံးစေကာမူ Reset မလုပ်ခင် "BackUp" လုပ်ထားရန် မမေ့သင့်ပါချေ...
         အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
                           ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင်
                                            အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်
                                            မိုးသိကြား
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
ios 7 အတွက်မြန်မာစာဖောင့် နှင့်  ကီးဘုတ် မှန်ကန်စွာထည့် သွင်းနည်း
0
5:50
iOS 7 အတွက် Jailbreak ထွက်ပြီးခဲ့သော်လည်း မြန်မာစာနှင့် လက်ကွက်ကို ချက်ခြင်း သွင်းမရခဲ့လို့ Jailbreak ရဲ့ အနှစ်အရသာကို အပြည့်အဝ မခံစားခဲ့ကြရသလို ဖြစ်ခဲ့ပါတယ်။
မြန်မာစာနှင့် လက်ကွက်ကို လိုချင်ဇောဖြင့် Font နှင့် Keyboard အဟောင်းတွေကို သွင်းမိတဲ့အတွက် iOS "Crash" ဖြစ်ပြီး Restore အခါခါ ပြန်လုပ်ခဲ့ကြရသူတွေလည်း မနည်းပါဘူး။
ယခုတော့ အဆိုပါ အခက်အခဲများကို ပြေလည်စေနိုင်ဖို့ အတွက် မြန်မာ Developers များက ဝိုင်းဝန်း၍ iOS 7+ နှင့် အဆင်ပြေစေမယ့် မြန်မာစာနှင့် လက်ကွက်ကို ထုတ်ဝေပေးလိုက်ပါပြီ...
iOS 7+ အတွက် မြန်မာစာနှင့် လက်ကွက်ကို Developer များဖြစ်ကြသော ကိုသန့်သက်ခင်ဇော်၊ ကိုစေတန် နှင့် ကိုမိုးစက် တို့က သီးခြားစီ develope လုပ်ပေးထားကြပါတယ်။
ဒီအတွက် သုံးစွဲသူများအနေနှင့် ဘာကို Install လုပ်ရမှန်းမသိပဲ အနည်းငယ် ရှုပ်ထွေးစေနိုင်ပါတယ်။ အကယ်၍ မှားယွင်းစွာ Install လုပ်မိပါက iOS Crash ဖြစ်ခြင်း၊ Boot Looping ဖြစ်ပြီး Apple Logo ကနေ မတက်လာတော့တဲ့ အခြေအနေများ ဖြစ်တတ်ပါတယ်။
လိုအပ်ချက်များ
  • iDevice သည် iOS 7+ Jailbreak ဖြစ်ထားရန်
  • Cydia ကို version Update လုပ်ထားရန်
မှတ်ချက်
  • အစကနဦး iOS 7 အတွက် ဖောင့်မရသေးခင်က ဖောင့်အဟောင်း "Zawgyi Font iOS" ကို သွင်းထားမိခဲ့ပါက အရင်ဆုံး "Remove" လုပ်ပါ။
  • "ZawgyiOne-Font" profile ကို install လုပ်ထားခြင်းက ပြဿနာမရှိပါ။ (မကြိုက်လျှင် Remove လုပ်နိုင်ပါသည်)
iDevice များတွင် မြန်မာစာနှင့် လက်ကွက် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် အောက်ဖော်ပြပါ အဆင့်များအတိုင်း လုပ်ဆောင်ပါ။
မြန်မာစာနှင့် လက်ကွက် အတွက် Source နှစ်ခုကို သွင်းယူရမှာဖြစ်ပါတယ်။
လုပ်ငန်းစဉ်
မြန်မာစာ အတွက် Install Source (1)
  • Cydia -> Sources -> Edit -> Add တွင် " http://cydia.macforus.com " ကို သွင်းယူပါ။
  • Sources ထဲက "Mac For US repo" ရှိ "Zawgyi iOS 7 Font" ကို Install လုပ်ပါ။
မြန်မာလက်ကွက် အတွက် Install Source (2)
  • Cydia -> Sources -> Edit -> Add တွင် " http://ttkz.me/apt/ " ကို သွင်းယူပါ။
  • Sources ထဲက "ttkz.me" ရှိ "ttKeyboard for iOS7 (Beta)" ကို Install လုပ်ပါ။
  • Restart Springboard
Myanmar Keyboard ကို သွင်းပြီးသွားသောအခါ Settings -> General -> Keyboard -> Keyboards မှာ "Burmese" လို့ အလိုလို ရောက်လာပါမည်။ (ကီးဘုတ်ရပါပြီ)
မှတ်ချက်။ ။ အခြားသော Keyboard နှင့် Font များကို မသွင်းမိအောင် သတိပြုပါ၊ အထူးသဖြင့် "Zawgyi iOS 4.3 Font" သည် 100% Crash ဖြစ်စေပါသည်။
ဖော်ပြပါ မြန်မာစာနှင့် လက်ကွက် Install လုပ်နည်းသည် ကိုယ်တိုင် စမ်းသပ်စဉ် Crash ဖြစ်၍ Restore အကြိမ်ကြိမ် ပြန်လုပ်ပြီးမှ သိရှိထားသောကြောင့် အဆင်ပြေ အချောမွေ့ဆုံး နည်းလမ်း ဖြစ်သည်ဟု သတင်းကောင်းပါးအပ်ပါသည်။
**Apple log မှာ တစ်နေခြင်း (Boot Loop) ဖြစ်နေခဲ့သော်**
  • Device ကို PC နှင့် မချိပ်ဆက်ပဲ DFU mode ဝင်ပါ။
  • DFU mode ရောက်သွားပါက iTunes နှင့် ချိပ်ဆက်ပါ၊ Restore လုပ်ရန် ညွှန်ကြားလာပါလိမ့်မည်။
iOS, App များ Crash ဖြစ်ခဲ့သော် iTunes နှင့် ချိပ်ဆက်ပြီး Restore ပြန်လုပ်ပြီးမှ Jailbreak တစ်ခါ ပြန်လုပ်ပါ။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
Credit : မိုးသိကြား
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
MM keyboard for ios 7 ထွက်ရှိလာ
0
5:53
 ယနေ့ MM Keyboard For iOS 7 + ဆိုပြီးထွက်လာပါတယ်...။
Cydia ထဲမှာ http://cydia.macforus.com/ ကို အပ်ပြီးတော့ ဒေါင်းယူနိုင်ပါတယ် ။
စာရိုက်တဲ့အခါတွင် ပြဿနာတစ်ခုတွေ့ပါတယ် ( -ူ ) ရိုက်တဲ့အခါမှာ ရှေ့ကိုရောက်နေပါတယ် ။
အသစ်ထွက်လာတဲ့ A7 တွေဖြစ်တဲ့ Pad Air / iPad Mini with Retina Display / iPhone 5S မော်ဒယ်တွေမှာ ထည့်မရသေးဘူးလို့ပြောပါတယ် ။
(( တစ်ခုသတိပေးချင်တာကတော့ ။ ။ ဖုန်းရဲ့ စက်တင်ထဲမှာ TTKeyboard ရဲ့ Burmese ဆိုတဲ့ ရှော့ကပ်လေးကို သွားပြီးမပျက်ဖြစ်ပါနဲ့ ဖျက်မိရင်ပြန်ထည့်ဖို့စာမပါပါဘူး ။ ပြန်အင်စတောလုပ်ရပါမယ် ။))
Burmese ဆိုတာလေးကို ဖျက်ဖျက် မဖျက်ဖျက် MM Keyboard မှာ လိုက်ပေါ်ပေးနေပါတယ် ။
ပြောရရင် စာမျက်နှာ 3 မျက်နှာဖြစ်နေတဲ့သဘောပါ ။
Burmese ရှော့ကပ်လေးကို ဖျက်ထားမိခဲ့ရင်....
တကယ်လို့ မိမိက MM Keyboard ကိုအဆင်မပြေလို့မသုံးပဲ English နဲ့ Burmese နဲ့ပဲ စာရိုက်သုံးချင်ပါက ပြန်ချိတ်ဖို့ရန် တိုင်ပွတ်ကုန်ပါရော ။
ဖျက်ထားမိပါက Cydia ထဲမှာ ပြန်အင်စတောလုပ်ရပါမယ် ပြန်ပေါ်လာပါမယ် ။
မိမိက English နဲ့ MM Keyboard ကိုပဲ သုံးချင်ပါက...
Cydia ထဲမှာ TTKeyboard ကို Uninstall လုပ်ထားရပါမယ် ။
Djjoe Man
  ______________________________
Pad Air / iPad Mini with Retina Display / iPhone 5S တွေအတွက်
Zawgyi Keyboard မရခင်လေးမှာ ဒီ Temporary Keyboard လေးကိုသုံးပြီးတော့ရိုက်လို့ရပါတယ် ။
မည်သည့် iOS 7 Jailbroken Device တွင်မဆို ထည့်သွင်းအသုံးပြုလို့ရပါတယ် ။
ဒီလင့်မှာ သွားရောက်လေ့လာ၍ ဒေါင်းယူပါ..။
(သို့မဟုတ်) 
 iOS 7 Jailbreak ရပြီးတဲ့နောက်မှာ iOS Device တွေအတွက် ( including iPhone 5s, A7 chips ) Zawgyi Keyboard မရခင်လေးမှာ ဒီ Temporary Keyboard လေးကိုသုံးပြီးတော့ရိုက်လို့ရပါတယ်ခင်ဗျာ.... 
မည်သည့် iOS 7 jailbroken device တွင်မဆို အသုံးပြုလို့ရပါတယ်ခင်ဗျ...
အခုကီးဘုတ်ကိုပြုလုပ်ရေးသားတဲ့သူကတော့ Dr. Myo Thet Han ပဲဖြစ်ပါတယ်..
iFile ကိုသုံးပြီးပဲဖြစ်ဖြစ်, iTools, iFunBox ကနေပဲဖြစ်ဖြစ် /System/Library/Frameworks/UIKit.framework အောက်မှာ .plist လေးကိုထည့်ပေးပြီး Respring လုပ်ပေးလိုက်ရုံပါပဲ ..
D, F, G, H, J, V စတဲ့ Key တွေကို Long Press ပြီးရိုက်ရတာပါ, ဘယ် Keyboard ကိုမှထပ် add စရာမလိုပါဘူး
Download Link : http://cl.ly/3j3y1m0K2J14
Mirror Link : http://d.pr/f/WAes
 Credit to Download Link : Sezin Lynn
 ________________________________
Cydia မှာ Repo အပ်နည်းကို မသိသူများအတွက်
Cydia ထဲဝင်လိုက်ပါ >> အောက်နားက Manage ကိုဝင်ပါ >> Sources ဝင် >> 
အပေါ်နားက Edit နှိပ် >> လင့်အပ်ရန် 
ဘောက်တစ်ခုကြလာမယ် http://cydia.macforus.com/ လို့ရိုက်ပြီးအပ်လိုက်ပါ >> အပ်ပြီးရင် 
Sources ထဲမှာ အဲဒီဆိုက်လေးရောက်နေပါပြီ ဝင်လိုက်ပါ >> အဲဒီဆိုက်ထဲက MM Keyboard 
For iOS 7 + ကို အင်စတောလုပ်လိုက်ပါ ။
ပြီးရင် General >> Keyboard >> International Keyboards >> Add New Keyboard 
ထဲဝင် >> Czech ကိုရွေးလိုက်ပါ ဒါဆိုဖုန်းမှာ မြန်မာလိုလက်ကွက်ရသွားပါပြီ ။
Credit to: Djjoe Man
& ko wingabarkyaw (နည်းပညာမှတ်တမ်း )
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
iOS 7 jailbreak & AppSync 7.0.+ ထွက်ရှိလို့လာပါပြီ
0
23:51
iOS 7 များ jailbreak ရပြီးသည့်နောက်မှာ ။ အပြင်က iPA ဖိုင်များကို iTools နဲ့ဖြစ်ဖြစ် သွင်းတဲ့အခါမှာ သွင်းခွင့်ရဖို့ရန် မိမိ iDrive ထဲမှာ AppSync ဆော့ဝဲရှိထားဖို့ လိုအပ်ပါတယ် ။
AppSync ရှိထားမှသာလျှင် အပြင်က မိမိထည့်လိုသော App များကို လက်ခံထည့်သွင့်ခွင့် ရမှာပါ ။
iOS 7 အတွက် AppSync For 7.0.+ ကို လိုချင်သူများအတွက် Free တင်ပေးထားတဲ့ Repo လေးကို တင်ပေးလိုက်ပါတယ် ။ ထည့်တတ်မယ်လို့ထင်ပါတယ် ။
ကျနော့်ပုံမှာ အပြင်က iPA ဖြစ်တဲ့ Cut The Rope 2 ဖူးဗားရှင်း Crack ကို iTools နှင့်ထည့်ပြထားပါတယ် ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
iOS 7.0 ကနေ 7.0.4 ထိ jailbreak လုပ်ချင်သူများအတွက် မူရင်းဆိုက်ပါ
ဒီလင့်မှာဝင်ပြီးဒေါင်းလိုက်ပါ http://evasi0n.com/
လွယ်ပါတယ် ကြိုးချိတ်မယ် ဆော့ဝဲကိုဖွင့်မယ်  jailbreak ဆိုတဲ့စာလေးကို နှိပ်လိုက်ယုံပါပဲ % ပြေးနေပါလိမ့်မယ် ။ အလည်လောက်မှာ ဖုန်းကိုရီစတတ်ကြသွားပြီး ပြန်တတ်လာတဲ့အခါမှာ ဖုန်းကိုလော့ပွတ်ဆွဲပြီးဖွင့်ခိုင်းပါလိမ့်မယ် ။ ဒါပါပဲ ပြည့်ရင်ပြီးသွားပါပြီ :) 
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
jailbreak ရပြီးသည့်နောက်မှာ မိမိ iDrive ထဲသို့ ဒေါင်းယူထားတဲ့ iPA ဖိုင်များဖြစ်တဲ့ App များကို သွင်းခွင့်ထည့်ခွင့်ရဖို့ရန်  
AppSync ရှိထားမှ App များကို လက်ခံထည့်သွင့်ခွင့် ရမှာပါ ။
iOS 7.0.+ အဆင့်တွေအတွက် ထို Repo ကို အပ်လိုက်ပြီး ဒေါင်းယူလိုက်ပါ ။ 
http://cydia.myrepospace.com/lod1/ 
ဆိုပြီး Cydia ထဲမှာ အပ်လိုက်ပြီး AppSync For 7.0.+ ကို ဒေါင်းယူလိုက်ပါ ရသွားပါပြီ :)
အပ်နည်းကို အလွယ်ရှင်းပြပါမယ် ။ ။ Cydia ထဲဝင်လိုက်ပါ  >>> 
Manage >>> Sources >>> Edit >>> Add >>> Repo ထည့်ဖို့ရန် ဘောက်လေးထွက်လာပါမယ် ။
ရေးပြထားတဲ့လင့်ကိုထည့်ပေးပြီး Add Source ဆိုတာလေးကို နှိပ်ပါ ပြည့်ရင် Repo ဝင်သွားပါပြီ ။
ထိုအပ်လိုက်ပြီးသော Repo လင့်ထဲကို ဝင်လိုက်ပါ  AppSync For 7.0.+ ဆိုတာကိုတွေ့ပါမယ် ဒေါင်းလိုက်ပါ ပြီးပါပြီ :)
အားလုံးပဲ ဖူးဗားရှင်း Crack App များကို iTools ဖြင့် သွင်းနိုင် အသုံးပြုနိုင်ပါပြီ :)
iTools ကို လိုချင်သေးတယ်ဆိုရင် မူရင်းလင့်မှာ သွားရောက်ဒေါင်းယူနိုင်ပါတယ် သီချင်းတွေ ပုံတွေ ဆော့ဝဲတွေ ကြိုက်ရာကိုထည့်နိုင်တဲ့ ဆော့ဝဲပါ ။
http://www.itools.cn/multi_lang_pc_download.htm
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မှတ်ချက် ။ ။ iOS 7 အတွက် မြန်မာဖောင့် မြန်မာကီးဘုတ် အပ်ဒိတ်မလာသေးသည့်အတွက် မထည့်ကြပါနဲ့ဦး သိပ်အဆင်မပြေကြသေးပါဘူး ။
jailbreak ထွက်ရှိလာတာ 2 ရက်ပဲရှိသေးတဲ့အတွက် ဖောင့်ကီးဘုတ်ကို အပ်ဒိတ်ထွက်တာကို စောင့်ကြပါဦး ခဏပါပဲ :)
အားလုံးပဲ အဆင်ပြေကြပါစေ..... :)
Post By : Djjoe Man (MMF)
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
ios 7 တွေမှာ ဇော်၈ျီဖောင့်  ကို jailbreak မလိုပဲ ထည့် လို့ ရပြီ
1
12:18
iOS 7 မှာ ဇော်ဂျီဖောင့်ကို ဂျေးဘရိတ် ( jailbreak ) မလုပ်ဘဲ ထည့်လို့ရပါပြီ..
iOS 7 ကနေ  http://d.pr/f/M8Es+  ကို ဝင်လိုက်ပါ။
ပြီးရင် Install လုပ်ပါ ပြီးတာနဲ့  iOS 7 ရဲ့နေရာတိုင်းမှာ မြန်မာစာကို ဇော်ဂျီနဲ့ ဖတ်လို့ရသွားပါပြီ။ မြင်ရပါပြီ။
Mobileconfig file ရးသားပေးတဲ့ Thant Thet နဲ့ ဖြန့်ချီပေးတဲ့ Htain Lin Shwe တို့ကို ကျေးဇူးတင်ပါတယ်။
 Ref : Ye Myat Thu
1. Go to this link from iOS7 device
https://www.dropbox.com/s/zugfuz6n6u6dpwj/ZawgyiOne.mobileconfig
2. Download
3. It just works!
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
Easy I Deviece Guide Basic & Advence
0
19:07
IOS  ကို ယခုမှ စတင်ပီးသုံးစွဲ လေ့လာမဲ့ သူများအတွက် အဆင်ပြေစေမဲ့  PDF File လေးကိုတင်ပေးလိုက်ပါတယ် ... ရေးသားတဲ့ သူကတော့ ကို မိုးသိကြားပါ ..
သူကိုယ်တိုင်လေ့လာပီးရေးထားတဲ့  PDF လေးကို သုံးစွဲ သူများ အဆင်ပြေစေရန် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ဗျာ .... ကိုမိုးသိကြားကိုလည်း ဒီနေရာမှ Credit ပေးပါတယ် နော် ....
သူငယ်ချင်းများ အဆင်ပြေတယ်ဆိုရင် ဝမ်းသာပါတယ်ဗျာ
Download Link >>> Dropbox
Author >>> Rookie
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
PC မှာ itunes မရှိလည်း ဒီကောင်လေးသုံးပြီး ဖိုင်တွေကို လိုသလို လုပ်လို့ရတယ် CopyTrans Manager
0
7:09
IOS သမားတွေအတွက် ကျနော် ပေးခြင်တာလေးတခု့ရှိပါတယ် ခင်ဗျာ
IPHONE | IPOD |IPAD တွေအတွက်ပေါ့နော် ။
ကွန်ပြူတာကနေပြီးတော့ သီချင်းတွေ ရုပ်ရှင်တွေနဲ့ တခြားဖိုင်တွေကိုပေါ့နော်  Itune မရှိလည်း 
မိမိ ရဲ့ Idevices ထဲကိုလွယ်လွယ်ကူကူပြောင်းလို့ရွှေ့လို့ ရနိုင်မယ် App လေးပါ
ပြီးတော့ ဒီထဲမှာပဲ ဖိုင်တွေကိုပြန်ပြီး စီစဉ်နိုင်တယ်။မလိုအပ်တဲ့ ဖိုင်တွေကိုထုတ်ပစ်လို့ရတယ်
အရမ်းလွယ်လွန်းတော့လည်းကြိုက်ကြပါ့မလားမသိဘူးဗျာ
ဆော့ဝဲလေးက key မလိုတဲ့ freeware Portable လေးပါ
ကိုလတ်(ကျွဲဆင်း)
You are looking for a free and portable iTunes alternative to quickly organize your iPhone, iPod Touch or iPad? CopyTrans Manager is the perfect replacement to iTunes and allows you to add, edit and delete music, videos, apps, audiobooks, podcasts, playlists, tags etc on-the-go.  CopyTrans Manager is a lightweight, yet powerful tool to manage your iPhone and iPod without iTunes. Add music, videos, apps etc, edit tag details like artist, album, ratings, add lyrics and cover art, create and edit iPhone playlists, delete tracks from iPod and iPhone, or play your iPhone music directly on the PC.
Easy-to-use
Simply drag and drop tracks from PC to iPhone, iPad and iPod.
Lightweight
No installation required. A quick way to synchronize your device.
Anywhere
Add music, videos, apps etc from any PC to iPhone and iPod.
CopyTrans Manager is the first iTunes replacement to fully support the iPad, the iTouch and the iPhone. Forget the iTunes synchronization limitations and add music, apps and videos to any iPod Touch on any computer. CopyTrans Manager is portable. Standalone, you can take it with you on your USB flash drive or iPod and organize your device on any PC.
CopyTrans Manager supports all iPhone, iPod and iPad models (except nano 6G) and has been designed for Windows 8, 7, XP and Vista.
Continue reading →
iOS 7.0.3 ရဲ့  Feature အသစ် iCloud Keychain ဆိုတာဘာလဲ ? ဘယ်လိုအသုံးပြုရမလဲ ?
0
3:21
clip_image002
Apple’s Event ပြီးတဲ့နောက်ပိုင်းမှာ Update ပေးလိုက်တဲ့ iOS 7.0.3 မှာ iMessages တွေမှာဖြစ်တဲ့ Bugs တွေကိုပြုပြင်ပေးထားပြီး UI Animations တွေအနည်းငယ်ပြောင်းလဲလိုက်ပါတယ်။ Features အသစ်တွေလည်းပါရှိလာပြီးအဲဒီထဲကအလွန်ကောင်းမွန်တဲ့ iCloud   မှာအသစ်ပါလာတဲ့ Sub-Feature တစ်ခုဖြစ်တဲ့  Keychain အကြောင်းကိုမျှဝေပါတယ်။
What is Keychain?
Keychain က နာမည်ကြီး Password Manager တွေဖြစ်တဲ့ LastPass , Dashlane တို့ လိုဖြစ်ပါတယ်။ သင့်ရဲ့ Passwords, Credit Card Information တွေကို Encrypted လုပ်ပြီး Cloud မှာသိမ်းပေးထားမှာဖြစ်ပြီး iOS Devices တွေအားလုံးမှာ Sync လုပ်ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Encryption Key or PIN Code ကိုပြုလုပ်ရမှာဖြစ်ပြီး သင့်ဒေတာတွေကို လုံခြုံအောင်ကာကွယ်ထားနိုင်ပါတယ်။ အဲဒီ Feature က iOS, Mac တို့ မှာ Default အားဖြင့် Disable လုပ်ထားတာဖြစ်ပါတယ်။ သင့် Passwords တွေကို Device အားလုံးမှာ Sync လုပ်ပြီးအသုံးပြုဖို့  Keychain ကို Enable လုပ်ပြီးအသုံးပြုနည်းကို အောက်မှာဆက်လေ့လာပါ။
iOS မှာ iCloud Keychain ကို Enable ပြုလုပ်ခြင်း။
ပထမဆုံး Safari Browser မှာ Passwords , Credit Card Info တွေကိုသိမ်းခိုင်းရမှာဖြစ်ပါတယ်။ Settings>Safari> Passwords & AutoFill ကိုသွားပြီးလိုအပ်တာတွေကို Enable လုပ်ပါ။
clip_image003
clip_image004
clip_image005
4-digit PIN Code အပြင် ပိုမိုရှုပ်ထွေးပြီး လုံခြုံတဲ့ Password တွေကိုပြုလုပ်နိုင်သလို Random Security Code ကိုနှိပ်ပြီး iOS ကပြုလုပ်ပေးတဲ့ Passwords ကိုသုံးနိုင်ပါတယ်။ Security Code ကိုသေချာမှတ်သားထားဖို့ အရေးကြီးပါတယ်။
PIN Code ပြုလုပ်ပြီးရင်  Phone Number တွေထည့်ပေးဖို့ တောင်းပါမယ်။ ဖုန်းနံပါတ်ထည့်ပေးပါ။ Device အသစ်တွေမှာ Keychain ကို  Setup လုပ်တဲ့အခါ သင့် Keychain အသုံးပြုထားတဲ့  Device တွေကိုအသုံးပြုလို့ မရနိုင်တဲ့အခြေအနေတွေမှာ အဲဒီဖုန်း နံပါတ်ကို အသုံးပြုနိုင်တဲ့အတွက် အထောက်အကူပြုပါတယ်။
clip_image006
အားလုံးပြီးသွားရင်တော့ Safari မှာသိမ်းထားတဲ့ Passwords , Credit Card Info တွေကို Keychain-Enabled Device တွေအားလုံးမှာ Sync လုပ်ပြီးသုံးနိုင်ပါပြီ။ Safari ကနေပြီးသင့်ဝက်ဆိုက်တွေကို အသုံးပြုရင် ကီးဘုတ်အပေါ်နားမှာ AutoFill Option ကိုတွေ့ မြင်အသုံးပြုနိုင်ပါတယ်။ Settings>Safari>Passwords & AutoFill > Saved Passwords မှာ သိမ်းထားတဲ့ Passwords တွေကို Edit လုပ်နိုင်ပါတယ်။
Facebook Page ကို Like ပြီးအားပေးပါအုံး။
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
Online/Offline Status , Voice Calling တွေကိုပါသုံးလို့ ရလာတဲ့ Google Hangouts (iOS)
0
5:20
Download Hangouts
clip_image001Photo-19-10-2013-10-58-34-am
clip_image003
www.kothuya.com
Facebook Page ကို Like ပြီးအားပေးပါအုံး။
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
YouTube App မှာ Video Quality ပြောင်းပြီးကြည့်မယ်။(iOS)
0
2:46
clip_image001
Google က iOS အတွက် YouTube App ကို တစ်နေ့ က Update ပြုလုပ်ပေးခဲ့ပါတယ်။ပြောင်းလဲမှုတွေ တော့ သိပ်မရှိပေမယ့် အသုံးဝင်တဲ့ Feature အသစ်တစ်ခုပါရှိလာပါတယ်။ Video Quality ကို ပြောင်းလဲကြည့်နိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။အဲဒီအတွက် YouTube Video တွေကို Quality ကောင်းကောင်းနဲ့ ကြည့်ချင်သူတွေ အတွက်ရော၊ ကွန်နက်ရှင်မကောင်းလို့  Quality နှိမ့်ပြီးကြည့်ချင်တဲ့သူတွေ အတွက်ပါအဆင်ပြေသွားပါပြီ။
clip_image002
Video တစ်ခုကြည့်ပြီးနောက်တစ်ခုကိုပြောင်းကြည့်ရင် Quality က Auto ဖြစ်သွားမှာဖြစ်ပြီး ပြန်ပြောင်းပေးရမှာဖြစ်ပါတယ်။ နှစ်သက်ရာ Video Quality ကို Default အနေနဲ့ သတ်မှတ်လို့ တော့ မရသေးပါဘူး။တစ်ခုမှတ်ထားရမှာက ၀ိုင်ဖိုင် ကိုအသုံးပြုနေမှသာ Video Quality ကို ပြောင်းလို့ ရမယ်လို့ ဖတ်ရပါတယ်။
Facebook Page ကို Like ပြီးအားပေးပါအုံး။
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
IOS 7 ရဲ့ Feature များ
0
16:38
 IOS 7 ကို သုံးစွဲတော့မဲ့ သူငယ်ချင်းတွေ အတွက် IOS 7 ရဲ့ Feature တွေကို ပုံတွေနဲ့ တကွရှင်းပြထားတာလေးပါ .. အဆင်ပြေမယ်လို့ ထင်ပါတယ် ...English Version ပါ ..။
 သူပြထားတဲ့ ပုံလေးတွေ ကော စာကော က ရိုးရှင်းလွယ်ကူပါတယ် ...
အားလုံး အဆင်ပြေကြပါစေ...။
Download Link >>> Dropbox
Author >>> Rookie
Continue reading →
ပန်းသီး သမားများ အတွက် ios 7 UI Transition Guide
0
15:56
ယခုတင်ပေးလိုက်သော PDF လေးကတော့ IOS (Apple) User များ အတွက် အလွန်ကို အသုံးဝင်သော
PDF လေးဖြစ်မယ်လို့ ထင်တယ် .. သူ ကတော့ IOS 7 နဲ့  အရင် Version များ ကို နှိုင်းယှဉ်ပီး ပြသထားသောBook လေးဖြစ်ပါတယ် ..
မကြာခင်ကမှထွက်ရှိလာတဲ့  Version ဖြစ်တာ ကြောင့် ios 7 သုံးစွဲ သူများ အတွက် အလွန်ကို အသုံးဝင်မဲ့  PDF လေးဆိုရင်လဲ မမှားပါဘူး ..။
Download Link >>>  Dropbox
Author >>> Rookie
Continue reading →
iOS 7 & 7.0.1 ကို တိုက်ရိုက် ဒေါင်းကြမယ်
0
23:34
Apple ချစ်သူတို့အတွက် iOS 7 နဲ့ 7.0.1 ကို Iphone,Ipod,Ipad တို့ရဲ့ မော်ဒယ်အလိုက်
တိုက်ရိုက်ဒေါင်းလို့ရမယ် လင့်လေး ကိုပေးချင်ပါတယ်
မိမိတို့နဲ့ သက်ဆိုင်ရာ
မော်ဒယ် အလိုက်ကို သေသေချာချာ ဖတ်ရှု့ပြီး ဒေါင်ယူနိုင်ရန်အောက်မှာ ကလစ်နိုင်ပါတယ်
ကိုလတ်(ကျွဲဆင်း)
Continue reading →