ကိုယ်ပိုင် browser ပြုလုပ်နည်း (for PC)

10
3:48


ကျွန်တော်မနေ့တုန်းက IT Studier Browser လေးတင်ပေးထားပါတယ်။ Comment စောင့်နေတာ ဘယ်သူမှ လည်း comment မပေးဘူး။ သုံးမရလို့ပဲလား။ ဒါမှ မဟုတ်ပေါတောတောနဲ့မို့လို့ပဲလား တော့ မသိပါဘူး။ ကျွန်တော်လည်းအသာယာ မှိန်းပြီးတော့ မသိချင်ယောင်ဆောင်ပြီး အဆင်ပြေတယ် လို့သဘော ထားလိုက်တော့မယ်နော်။ အခုတော့ ကိုယ်ပိုင် browser ပြုလုပ်နည်းလေးကို တင်ပေးပါ့ မယ်ဗျာ။

OK တယ်ဆိုရင် စမယ်နော်။ ဘာမှ မခက်ပါဘူး။ အောင်ကိုထက်ကို အထင်ကြီးနေတဲ့ သူတွေကတော့ အန်.... ဆိုပြီးဖြစ်သွားမှာ ကျိမ်းသေပါတယ်။ေိေိ :D ။ ကျွန်တော်ပြောထားသလို ဘာ language မှ မလိုသလို programmer ကြီးလဲ ဖြစ်ဖို့မလိုပါဘူး။ အဓိကက နည်းလမ်းလေးသိရင်ရပါပြီ။


အရင်ဆုံး  ဒီနေရာလေးကိုနှိပ်ပြီး  browser ပြုလုပ်ဖို့ website လေးကို သွားလိုက်ပါ။ ပြီးသွားရင် Start Now ဆိုတာကို နှိပ်လိုက်ပါ။ နောက်တစ်မျက်နှာကို ရောက်သွားပါလိမ့်မယ်။


အဲ့ဒီထဲမှာ စာကြောင်းနှစ်ကြောင်းတွေ့ရပါလိမ့်မယ်။ ပထမဦးဆုံးစာကြောင်းမှာ ကိုယ့် browser ရဲ့ နာမည်ကိုရေးလိုက်ပါ။ နောက်ထပ်အောက်က တစ်ကြောင်းမှာကတော့ ကိုယ့် browser ရဲ့ ပုံလေးကို Browse ကနေပြီးရွေးပေးလိုက်ပါ။


ပြီးသွားရင် Select Theme ဆိုတာကို ထပ်နှိပ်လိုက်ပါ။ ပြီးရင် themes တွေကိုရွေးခိုင်းပါလိမ့်မယ်။ အဲ့ဒီထဲက ကိုယ်ကြိုက်တဲ့ themes ပုံလေးကို ရွေးပေးလိုက်ပါ။အဲ့ဒါတွေအကုန်ပြီးသွားရင် ညာ ဘက်အောက် ဆုံးနားမှာရှိတဲ့ I agree to the term of use ဆိုတာကို အမှန်ခြစ်ပေးပြီးရင် Finish and download ဆိုတဲ့ button လေးကိုနှိပ်ပေးလိုက်ပါ။ အဲ့ဒါဆိုရင် ကိုယ့်ရဲ့ ကိုယ်ပိုင် browser လေးနဲ့ ကိုယ့်ကွန်ပျူတာမှ လန်းနိုင်ပါပြီဗျာ။ေိေိ သိသွားတော့လည်း ဘာမှမဟုတ်သလိုပဲနော်။

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ 
 Aung Ko Htet (www.itstudier.com)


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

About the author

နည်းပညာများ ကို ကျ နော်သိသလောက် ပြန်လည် မျှဝေသွားပါမည်. Admin >> အိုင်တီရဲ ကို.

10 comentarios:

  1. install လုပ်ပြီးသုံးလို့မရလို့ ဆက်မလုပ်တော့တာ။ install complete မဖြစ်ဘူးဆိုလို့ နောက်တစ်ခါပြန်ဆွဲလဲ ဒီအတိုင်းပဲ အဲဒါကြောင့် ဘာမှမပြောတော့တာအစ်ကို။

    ResponderEliminar
  2. ဟုတ်တယ်အကိုရေ.. ကျွန်တော်လည်းဖြစ်တယ်။ ဒါပေမဲ့ လိုင်းကောင်းတဲ့အချိန်မှာ တခြား ဘာ browser ကိုမှ မသုံးပဲ install ပြန်လုပ်ကြည့်ပါ။ အဆင်ပြေပါလိမ့်မယ်။ ကျေးဇူးပါ။

    ResponderEliminar
  3. အဆင်ပြေတယ် အကိုရေ

    ResponderEliminar
  4. အကိုရေ နောက်ထပ် computer မှာပေါ်နေတဲ့ပုံတွေကို ဘယ်လိုဓါ့ပုံရိုက်ယူတာလည်း အဲဒီနည်းလေးလည်းတင်ပေးပါအုံးနော်

    ResponderEliminar
  5. အဲဒါ က ဒီ ဘော်ဆာကို သုံး... ကင်မရာပုံလေးပါတယ်... http://i.maxthon.com/en-us/

    ResponderEliminar
  6. လုပ်လို့တော့ရတယ်ဒါပေမဲ့မြန်မာစာမပေါ်ဘူးဖြစ်နေတယ်လုပ်ကြပါအုန်း

    ResponderEliminar
  7. အဆင်ပြေပါတယ်ကျေးဇူးတင်ပါတယ် အမြဲအားပေးလျှက်ပါ

    ResponderEliminar
  8. comment ပေးသွားကြတဲ့ မိတ်ဆွေတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ဖြစ်နေတဲ့ အခက်ခဲတွေအကုန်လုံးကို ကျွန်တော်ဖတ်ပြီးသွားပါပြီ။ မြန်မာစာမပေါ်တဲ့ အစ်ကိုကတော့ ကျွန်တော်တို့ mozilla firefox browser မှာမြန်မာစာပေါ်အောင်လုပ်သလိုမျိုးလေးစမ်းကြည့်ပေးပါ။ နောက်လည်း comment လေးတွေပေးခဲ့ကြဖို့တောင်းဆိုပါတယ်။ မိတ်ဆွေတို့ရဲ့ comment တစ်ချက်က ကျွန်တော်တို့နောက်ထပ် post တွေရေးဖို့အတွက် အားဆေးတွေပါ။ ကျေးဇူးပါ။

    ResponderEliminar
  9. မလုပ်တတ်လို့ပါဆိုနေမှ။။ mozilla firefox browser မှာဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးပါလားခင်ဗျာ။ကျေးဇူးတင်လျှက်ပါ။။ပြောဖြစ်အောင်ပြောပြပးနော်

    ResponderEliminar