Mostrando entradas con la etiqueta Browser များ. Mostrar todas las entradas
ကွန်ပြူတာအတွက် နောက်ဆုံထွက် Browser update များ စုစည်းမှု့
0
4:07
အလကားရတာလေးတွေကနေ ပြန်စရေးရမှာပဲဗျာ
ရှာထားတာလေးတွေကတော့ရှိတယ် စမ်းနေရင်းနဲ့ အဆင်မပြေလို့ Draft ထဲမှာပဲစု့နေတယ်
အောက်က ကျနော်ပေးခြင်တဲ့ Browser တွေကတော့ မြန်မာတွေနဲ့ သင့်လျော် မှု့ရှိပြီးတော့
မြန်မာစာ မှန်တဲ့ Browser တွေပါ။မြန်လည်း မြန်ပါတယ်။
Update တွေချည်းပဲ စု့တင်ပေးလိုက်ပါတယ် ခင်ဗျာ
MOZILLA FIREFOX  27.0 Beta 7
ဒေါင်းရန်  MILOSHARE | TUSFILES
GOOGLE CHROME 34.0.1788.0 Dev
 ဒေါင်းရန်  MILOSHARE | TUSFILES
MAXTHON CLOUD BROWSER 4.2.1
 ဒေါင်းရန်  MILOSHARE | TUSFILES
Comodo Dragon Internet Browser 31.0
ဒေါင်းရန်  MILOSHARE | TUSFILES
ကိုလတ်(ကျွဲဆင်း)
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
Firefox 26 Beta 3
0
22:27
WINDOWS  PC အတွက်
Firefox ကတော့ ပုံမှန် update လုပ်ပေးနေပါတယ်။ update ကိုမှသုံးချင်တဲ့ 
ကျနော်ရဲ့ချစ်သူငယ်ချင်းတို့အတွက် အချိန်မီ update လုပ်နိုင်အောင်
 ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ
ကိုလတ်(ကျွဲဆင်း)
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
IT Studier Broswer EXE (for PC)
0
3:39
မင်္ဂလာပါ မိတ်ဆွေတို့ဆိုတာထက် ပိုပြီးရင်းနှီးမှုရှိသွားအောင် မင်္ဂလာပါသူငယ်ချင်း တို့လို့ နှုတ်ဆက် ပါရစေဗျာ။ ဖန်တီးထားတဲ့ browser လေးနဲ့မိတ်ဆက်ပေးပါရစေ။ ဖန်တီးထားတယ်ဆိုလို့လည်း အထင်ကြီးမသွားပါနဲ့အုံးနော်။ ဘာ language နဲ့မှ မရေးထားသလို ကျွန်တော်က programmer လည်းမဟုတ်သေးပါဘူး။ ကျွန်တော်ပြုလုပ်နည်းကို တော့ နောက်ထပ် post တစ်ခု အသစ်ရေးပေါ့မယ်။
အခုလောလောဆယ်တာ့ ကျွန်တော့်ရဲ့ browser လေးကို အရင် မိတ်ဆက်ပေးလိုက်ပါတယ်။ သုံးရတာ ကြိုက်တယ် သူငယ်ချင်းတို့လည်း ကိုယ်တိုင် browser လေးနဲ့ကိုယ့် computer မှာ လန်းချင်တယ် ဆိုရင်တော့ ပြုလုပ်နည်းကို ထပ်လေ့လာပေါ့နော်။ အရင်ဆုံး IT Studier Browser ကို အောက်က link ကနေ download လုပ် လိုက်ပါ။ ပြီးရင် double click နှိပ်လိုက်တာနဲ့ သူ့ဘာသာသူ download လုပ်ပါလိမ့် မယ်။ အဲ့ဒါလေးကို ခဏစောင့်ပေးလိုက်ပါ။ ပြီးသွားရင် တော့ အသုံးပြုလို့ရပါပြီ။
အဆင်ပြေတယ်မပြေဘူးဆိုတာလေးကိုတော့ comment ပေးခဲ့စေချင်ပါတယ်။ အဲ့ဒါမှ ကျွန်တော် ပြုလုပ် နည်းကို တင်ပေးသင့် မတင်ပေးသင့် ဆုံးဖြတ်ရမှာမို့လို့ပါ။ 
အောက်က link တွေကနေ download လုပ်နိုင်ပါတယ်။ 
အားလုံးအဆင်ပြေကြပါစေ.... 
Aung Ko Htet
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
Firefox 26.0 Beta 1
0
0:33
Firefox အသုံးပြု့သူများအတွက် Firefox ကနေ update အသစ်ပေးလိုက်ပါတယ်
မတင်ရသေးသောသူများအသုံးပြု့နိုင်ပါတယ်ခင်ဗျာ
SHAREBEAST BOX | ZIPPYSHARE
ကိုလတ်(ကျွဲဆင်း)
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
သင့် Browser ကို နှေးကွေးစေတဲ့ Browser Extensions တွေကို ရှာဖွေခြင်း။
0
9:30
download
Browser Extensions တွေဟာ အသုံးဝင်လှပါတယ်။ဒါပေမယ့် Browser Extensions တွေက  သင့် System ရဲ့  Memory ကို အသုံးပြုနေကြပါတယ်။Browser Extensions အများအပြားအသုံးပြုခြင်းဟာ သင့် Browser ကို လေးလံစေပါတယ်။ အဲဒီအတွက် Memory အသုံးပြုမှုများတဲ့ Extension တွေအစားပေါ့ပါးတဲ့ Extension တွေကို အသုံးပြုရင် Browser ကိုမြန်မြန်ဆန်ဆန်အလုပ်လုပ်စေမှာပါ။ ဒီဆောင်းပါးမှာ Browser Extension တွေရဲ့ Memory Consumption,CPU Usage စတာတွေကို သိနိုင်မယ့်နည်းတွေကို ရေးပါမယ်။
Mozilla Firefox
Firefox မှာ Browser Extensions တွေ ရဲ့ Memory Usage ကိုသိနိုင်ဖို့  အတွက် နည်းလမ်းမရှိပါဘူး။ Extension တစ်ခု ကို ထပ်ပြီးအသုံးပြုမှသာသိနိုင်ပါတယ်။ about:addons-memory extension ကို Firefox မှာ အင်စတောလုပ်ပါ။ပြီးရင် Address Bar ကနေ about:addons-memory လို့ ရိုက်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် အင်စတောလုပ်ထားတဲ့ Extensions တွေကို တွေ့ မြင်ရမှာဖြစ်ပြီး Memory အသုံးပြုမှုအလိုက် စီထားတာတွေ့ ရမှာပါ။ Memory အသုံးပြုမှုများတဲ့ Extension တွေ ကို သိရှိနိုင်ပြီး Disable လုပ်နိုင်ပါပြီ။
clip_image002
Google Chrome
Task Manager ကိုဖွင့်ဖို့ အတွက် Chrome’s Menu Button ကိုနှိပ်ပါ။Tools>Task Manager ကိုနှိပ်ပါ။ Ctrl+Escape ကိုနှိပ်ပြီးဖွင့်လည်းရပါတယ်။
ဒါဆိုရင် Extensions,Web Apps တွေ ရဲ့  Memory Usage တွေကိုတွေ့ မြင်နိုင်ပြီးသင့် Browser ကိုနှေးကွေးစေတဲ့ Extension တွေကို Disable လုပ်နိုင်ပါပြီ။
clip_image004
Browser’s Safe Mode ကိုအသုံးပြုပါ။
Mozilla Firefox
Firefox button ကိုနှိပ်ပြီး Help>Restart with Add-ons Disabled ကိုနှိပ်ပါ။
clip_image006
Google  Chrome
Chrome icon ကို right click နှိပ်ပြီး Properties ကိုနှိပ်ပါ။ Shortcut tab ကိုသွားပါ။ Target မှာ အောက်ကပုံမှာလို --disable extensions ဆိုတဲ့စာသားကို နောက်ဆုံးမှာဖြည့်ပေးပြီး Ok နှိပ်ပါ။ Chrome Browser ကိုပိတ်ပါ။ System Tray က အိုင်ကွန်ကိုလည်းပိတ်ပါ။ ပြီးရင် Shortcut ကိုအသုံးပြုပြီး Chrome ကိုဖွင့်ပါ။ Safe Mode ကို Disable လုပ်ဖို့  Shortcut မှာ Edit ပြန်လုပ်ပြီး Chrome ကို Restart လုပ်ပါ။
clip_image008
Browser Extensions တွေ ဟာ အသုံးဝင်ပေမယ့် တစ်ခြား Software တွေလို ပဲ သင့်ကွန်ပြူတာမှာ Run နေတာပါ။ Extension တွေ အများအပြားအသုံးပြုခြင်းဟာ Browser ကိုလေးစေပါတယ်။အဲဒီအတွက် တကယ်အသုံးလို တဲ့ Extension တွေကို ပဲအင်စတောလုပ်သင့်သလို ၊ Memory အသုံးပြုမှုနည်းပါးတဲ့ Extension တွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။
Facebook Page ကို Like ပြီးအားပေးပါအုံး။
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
Chrome ရဲ့ Built-In PDF Viewer ကိုအသုံးချနည်းများ။
0
10:49
clip_image001
clip_image002[1]
Chrome PDF Viewer က Online က PDF ဖိုင်တွေသာမက သင့်ကွန်ပြူတာ က PDF ဖိုင်တွေကိုပါ ကြည့်နိုင်ပါတယ်။ သင့်ကွန်ပြူတာက PDF ဖိုင်ကို Chrome မှာကြည့်ဖို့ အတွက် ဖိုင်ကို Drag and Drop လုပ်ပြီး Chrome Window ပေါ်တင်ပေးပါ။ PDF ဖိုင်တွေကို ကြည့်ဖို့ တင်မကဘဲ တစ်ခြားအသုံးပြုနည်းတွေကိုအောက်မှာဆက်ဖတ်ပါ။
PDF ဖိုင်က Pages တွေကို Split လုပ်ပါ။
clip_image003
သင့်မှာ စာမျက်နှာ (၂၀) ပါတဲ့ PDF ဖိုင်တစ်ခုရှိတယ်ဆိုပါစို့ ။ အဲဒီ Page တွေထဲက Page အနည်းငယ်ကို ပဲဖြတ်ထုတ်ချင်တယ်ဆိုရင် Chrome PDF Viewer မှာတင်ပဲပြုလုပ်လို့ ရပါတယ်။ PDF ဖိုင်ကို Chrome မှာဖွင့်ပြီးရင် Mouse Cursor ကို ညာဘက်အောက်နားကိုရွှေ့ ပါ။ဒါဆိုရင်  Toolbar တစ်ခုပေါ်လာမှာဖြစ်ပြီး  စာမျက်နှာအပြည့်ကြည့်ဖို့  ၊ Fit Veiw ကြည့်ဖို့ ၊ Zoom In and Out ကြည့်ဖို့ ၊ Save လုပ်ဖို့ ၊Print လုပ်ဖို့  Options တွေကိုတွေ့ မြင်ရမှာပါ။ Print Icon ကိုနှိပ်ပါ။
Destination အောက်က ‘Change Button’ ကိုနှိပ်ပါ။ ‘Save As PDF’ ကိုရွေးပါ။ Pages မှာ တော့ ဒုတိယ Option ကိုရွေးပြီး သင်လို ချင်တဲ့ Page Numbers တွေကို Comma ခြားပြီးရိုက်ထည့်ပေးပါ။ Dash အသုံးပြုပြီးတော့လည်း Page Range ကို သတ်မှတ်ပေးလို့ ရပါတယ်။
Save button ကိုနှိပ်ပြီး သင်လို ချင်တဲ့ Pages တွေပါတဲ့ PDF ဖိုင်အသစ်တစ်ခုကိုသင့်ကွန်ပြူတာမှာသိမ်းနိုင်ပါပြီ။
PDF Forms တွေကိုဖြည့်ပါ။
clip_image004[1]
PDF Forms တွေ ဖြည့်ဖို့ လိုအပ်တဲ့အခါမှာလည်း Chrome PDF Viewer ကိုသုံးနိုင်ပါတယ်။ Form ကို Chrome မှာဖွင့်ပြီး Form တွေကိုဖြည့်နိုင်ပါတယ်။ Chrome ကဖြည့်ရမယ့်နေရာတွေကို သိရှိပြီး Muse Cursor ကိုဖြည့်ရမယ့်နေရာမှာအလိုလို ချပေးနိုင်ပါတယ်။
ဖြည့်ပြီးတဲ့ Form ကို သိမ်းမယ်ဆိုရင်တော့ “Save” button ကိုနှိပ်လို့ မရပါဘူး။ “Save” button ကိုနှိပ်ရင် Original Blank Document ကိုပဲသိမ်းပေးမှာဖြစ်ပါတယ်။ သင်ဖြည့်ထားတဲ့ Form ကိုသိမ်းဖို့ အတွက် Print button ကိုနှိပ်ပါ။ Destination မှာ ‘Save as PDF’ ကိုရွေးပေးပြီး Save ကိုနှိိပ်ပါ။
Document တွေကို Rotate လုပ်ပါ။
clip_image005
Web Pages တွေကို PDF ဖိုင်အနေနဲ့ သိမ်းပါ။
clip_image006[1]
Chrome PDF Viewer က Web Page တွေကို PDF ဖိုင်အနေနဲ့ သိမ်းပေးနိုင်ပါသေးတယ်။ အင်တာနက်ကဆောင်းပါးတွေကို သိမ်းထားချင်တဲ့သူတွေ အတွက်အဆင်ပြေစေပါတယ်။
Ctrl + P ကိုနှိပ်ပြီး Print options ကိုဖွင့်ပါ။ သင်လို ချင်တဲ့ Pages တွေကိုရွေးပါ။ Layout(portrait/landscape) ကိုရွေးပါ။ Headers , Footers,Background Colours,Images တွေကိုလည်းထည့်နိုင် ၊ ဖြုတ်နိုင်ပါတယ်။ Margin ကိုလည်းသတ်မှတ်နိုင်ပါတယ်။
ပြီးရင်တော့ အပေါ်ကနည်းအတိုင်းပဲ Print>Save as PDF> Save ကိုနှိပ်ပြီးသိမ်းနိုင်ပါတယ်။
Myanmar ICT မှာ ကျွန်တော်ရေးထားသောဆောင်းပါးကို ကူးယူဖော်ပြပါသည်။
Facebook Page ကို Like ပြီးအားပေးပါအုံး။
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
Google earth pro full version
0
9:29
Google earth ဆိုရင်လူတိုင်းသိပါတယ်နော်။ ဒီကောင်လေးက ကျွန်တော်တို့ တွေအတွက်ကတော့ 
ကို့ အိမ်ကိုပြန်ကြည့် တဲ့ နေရာမှာသုံးနေကြပါ။သုံးတတ်ရင်သုံးတတ်သလိုပေါ့ ဗျာ။
အချိန်းအချက်တွေလုပ်တဲ့ နေရာမှာလည်းအသုံးဝင်တယ်ဗျ။ဒါတွေမပြောတော့ ပါဘူးဗျာ။အရေးကြီး
တဲအစိတ်အပိုင်းကတော့  set up  file ကို run မယ်ဆိုရင်တော့  အင်တာနက် connection ကိုခဏပိတ်ထားပေးပါ။ပြီးရင် patch file လေးကို program file 86 မှာ google earth folder ထဲကိုထည့် ပေးပြီး run as administrator နဲ့  run ပြီး patch ချိုးပေလိုက်ပါ။
အသစ်တင်တိုင်းfacebook ကနေစောင့် ဖတ်မယ်ဆိုရင်
ဒီမှာ Like ပေးခဲ့ ပါ။
စိုင်းသူ
Continue reading →
မိမိလိုအပ်တဲ့ File တွေကို အလွယ်တကူ ရှာပေးမဲ့ Search Engine Website
0
20:17
မိမိလိုအပ်တဲ့ File တွေကို အလွယ်တကူ ရှာပေးမဲ့ Search Engine Website ဒီနေ့အားလုံးကို Website လေးတစ်ခု ညွှန်းပေးစရာ ရှိပါတယ်။
သူ့ရဲ့ လုပ်ဆောင် ချက်က သင်လိုအပ်နေတဲ့ File ကို သတ်မှတ်ထားတဲ့ Host ကနေ သွားပြီးတော့ ကူရှာပေးပါတယ်။
ဥပမာ - သင်က Google Talk လေး လိုချင်တယ်ဆိုပါစို့။
သင့် အနေနဲ့ ပုံမှန်ဆိုရင် Google မှာ Download Google Talk ဆိုပြီး ရိုက်ထည့်ပြီးရှာရပါလိမ့်မယ်။
နောက်ပြီးတော့ Website ထဲဝင်ရမယ်။ သင့် က Download လေးရှာ ပြီး နှိပ်ပေးရပါဦးမယ်။ တစ်ခါတစ်ခါ Like to Download တို့၊ စာဖတ်ပြီးမှ Like ပါတို့၊ နောက်ပြီး
Download Link သို့မဟုတ် Buttom ကို နှိပ်လိုက်တယ် ဆိုရင်လဲ Adfly , Adfocus စတဲ့ Ads Website တွေကို ကျော်ခွနေရဦးမှာ ဖြစ်ပါတယ်။
5 sec ကနေ့ 10 sec လောက်ထိ စောင့် ပြီး ကျော်ခွနေရဦးမှာဖြစ်ပါတယ်။
သင့် အနေနဲ့ Internet လိုင်း မကောင်းတာက တစ်မှောင့် Ads စောင့်ရတာက တစ်မှောင့် အဆင်ပြေမှာ မဟုတ်ပါဘူး။
အဲ့အတွက် ဒီ Website လေးက သင့် အချိန်တွေမကုန်စေဖို့ ကူညီပေးပါလိမ့်မယ်။
Site နာမည်က http://www.filecrop.com ပါ။
Website ထဲမှာ မိမိ Download လုပ်ချင်တဲ့ File Name ကို ရိုက်ထည့်လိုက် ရုံ ပါပဲ။
ရိုက်ထည့်လိုက်တာနဲ့ သူက Website တွေကိုလိုက်ရှာပြီး Mediafire, Hotfile, Rapidshare, 4shared စသည်တို့မှာ တင်ထားတဲ့ မိမိလိုချင်တဲ့ File တွေထဲကို သွားရှာပေးပါလိမ့်မယ်။
ပြီးတော့ Result ကို ဖော်ပြပေးမှာ ဖြစ်လို့ သင့်အနေနဲ့ မိမိလိုချင်တဲ့ G Talk ဆို G Talk စသည်ဖြင့် မိမိလိုချင်တဲ့ ကောင် ရဲ့ Download Link ကိုတန်းရလာပါလိမ့်မယ်။ နောက်ပြီး ဘယ်ဆိုဒ်ကနေ ရှာတွေ့လာတယ်ဆိုတာရော ဖော်ပြပေးပါလိမ့်မယ်။
သင့်အနေနဲ့ က သူပေးတာလေးကို နှိပ်ပြီး လွယ်ကူစွာ ဒေါင်းလုပ် ပြုလုပ်နိုင်ပါလိမ့်မယ်။
ဒါပေမဲ့ သူက ရှာပေးတာပဲ ဖြစ်လို့ သင့် အနေနဲ့ Visus ဟုတ်မဟုတ်ကို သတိထားဖို့ လိုပါလိမ့်မယ်။
Download Link ကို http://www.virustotal.com မှာထည့်ပြီး Scan ဖတ်ကြည့်နိုင်ပါတယ်။
မိမိကွန်ပျူတာနဲ့က Antivirus နဲ့ လည်း Scan ဖတ်ကြည့်ဖို့ လိုပါတယ်။
သူ့ကို သုံးခြင်းရဲ့ အကျိုးကျေးဇူးကတော့ အချိန်ကုန်တာ သက်သာတာပါပဲ၊
ဒါပေမဲ့ သူက Rapidshare , Hotfile, Mediafire, Depositfiles,Mega, 4shared Host မှာ တင်ထားတဲ့ File တွေကို ပဲ ရှာ ပေးပါတယ်။
အားလုံးပဲ နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Credit : http://www.techmilo.tk/2013/09/file-search-engine-website.html
Writer:  Steel Jelly [Miloboy Inc.] Continue reading →
FIREFOX 25 BETA 1 update အသစ်လေးပါ
0
4:43
19.09.2013 ရက်နေ့ကထွက်လာတဲ့ pc အတွက် Firefox browser beta အသစ်လေးပါ
Firefox ချစ်သူတို့အတွက် ပြန်လည် မျှဝေလိုက်ပါတယ်
အောက်က မူရင်းလင့်မှာလည်းဝင်ရောက်ဒေါင်းယူနိုင်ပါတယ် ခင်ဗျာ
ကိုလတ်(ကျွဲဆင်း)
Continue reading →
MOZILLA FIREFOX ရဲ့ 16.09.2013 ထွက် 24 version နောက်ဆုံးထွက် Stable
0
0:23
မော်ဇီလာ ဆိုရင် လူတိုင်း သိကြ သုံးကြ ပါတယ် ဘာဖြစ်လို့လဲ ဆိုတော့
တို့ မြန်မာတွေအတွက် မြန်မာဖောင့် မှန်မှန်ကန်ကန် ထွက်ပေးတာကိုး..ေိေိေိ
အခု့ ဒါလေးကတော့ Firefox ရဲ့နောက်ဆုံးထွက် 24 stable လေးပါ
BETA ဗားရှင်းမှာတော့ 24 .10 ထိ ထွက်ထားပြီးပါပြီ
Firefox ကို OS  3 မျိုး သုံးနိုင်ဖို့ လင့် ၃ ခု့ တင်ထားပေးပါတယ်
အသေးစိတ်ကို ဒီနေရာမှာ ဝင်ရောက်လေ့လာပြီး လည်း ဒေါင်းနိုင်ပါတယ်
ကိုလတ်(ကျွဲဆင်း)
Continue reading →
Shodan (သို့) အင်တာနက်ပေါ်မှ ကြောက်စရာ အကောင်းဆုံး Search Engine
1
20:26
Shodan (သို့) အင်တာနက်ပေါ်မှ ကြောက်စရာ အကောင်းဆုံး Search Engine
“လူတွေက Google ပေါ်မှာ ရှာလို့ မတွေ့ဘူးဆိုရင် ကိုယ့်ရဲ့ ကွန်ယက် လုံခြုံရေးက အရမ်းကောင်းနေပြီး ဘယ်သူမှ မတွေ့နိုင်ဘူးလို့ ထင်နေကြပါတယ်။ အဲဒါဟာ လွန်စွာမှ မှားယွင်းတဲ့ အတွေးပါပဲ။” ဟု Shodan (သို့) အင်တာနက်ပေါ်မှ ကြောက်စရာ အကောင်းဆုံး search engine အား တီထွင်ခဲ့သူ John Matherly က ဆိုခဲ့သည်။
Shodan က search engine ပါပဲ။ ဒါပေမယ့် သာမန် search engine မဟုတ်ပါဘူး။ Google တို့ Bing တို့လို ဝက်ဘ်ဆိုဒ်တွေကို ရှာပေးတဲ့ search engine မဟုတ်ပါဘူး။
Shodan ရှာပေးမယ့် အရာတွေကတော့ အင်တာနက်ရဲ့ ပင်မကျောရိုးတွေဖြစ်တဲ့ ဆာဗာတွေ၊ router တွေ၊ ကင်မရာတွေ၊ printer တွေနဲ့ အခြားအခြားသော အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ပစ္စည်းတွေကိုပဲ ဖြစ်ပါတယ်။ ကြောက်စရာ အရမ်းကောင်းတယ် မဟုတ်ပါလား။
Shodan ဟာ ၂၄ နာရီပတ်လုံး အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ကမ္ဘာတစ်ဝန်းရှိ ပစ္စည်းပေါင်း သန်း ၅၀၀ ခန့်ကို ရှာဖွေပေးတယ်လို့ ဆိုပါတယ်။ Shodan သုံးပြီး ရှာတွေ့နိုင်တဲ့ အရာတွေက ကျောချမ်း စရာတောင် ကောင်းပါတယ်။
အချက်ပြမီးပွိုင့် ထိန်းချုပ်စနစ်နဲ့ လုံခြုံရေး ကင်မရာတွေကစပြီး ရေ အားလျှပ်စစ် စက်ရုံနဲ့ နျူကလီးယားဓာတ်ပေါင်းဖို့ ထိန်းချုပ်စနစ်များပါ ပါဝင်နေပါတယ်။
Default Password ပဲ သုံးထားတဲ့ လုံခြုံရေးစနစ်တွေဟာ မရေတွက်နိုင်အောင် များပြားလှတာကို တွေ့ရပါမယ်။ ပိုလို့ဆိုးတာက လုံခြုံရေးစနစ် လုံးဝ မပါရှိတဲ့ စနစ်တွေက ပိုလို့တောင် များနေပါတယ်။ မသမာသူတွေ လက်ထဲကိုသာ Shodan ရောက်ရှိသွားရင် ကမ္ဘာကြီးတော့ ဒုက္ခလှလှ တွေ့နိုင်ပါတယ်။
နောက်တစ်ချက်က Shodan သုံးပြီး တွေ့ရှိလာတဲ့ အရာတွေထဲက အများစုဟာ တကယ်တမ်းတော့ လုံခြုံရေးအရ အင်တာနက်နဲ့ ချိတ်ဆက်ထားဖို့တောင် မသင့်တော်ပါဘူး။
ဥပမာ - စက်ရုံတစ်ခုရဲ့ အပူပေးစနစ်ကို ကွန်ပြူတာနဲ့ ထိန်းချုပ်နိုင်ပါတယ်။ ဒါပေမယ့် နည်းပညာကုမ္ပဏီ အများစုက အပူပေးစနစ်နဲ့ ကွန်ပြူတာစနစ်ကို တိုက်ရိုက် ချိတ်ဆက်ရမယ့်အစား လွယ်ကူတဲ့ နည်းလမ်းဖြစ်တဲ့ အင်တာနက်ဆာဗာသုံးပြီး ချိတ်ဆက်လိုက်တဲ့အခါ ဤစက်ရုံရဲ့ အပူပေးစနစ်ကို ကမ္ဘာတစ်ဝန်းကနေပြီး အင်တာနက်ပေါ်မှာ ရှာတွေ့နိုင်ပြီး အလွယ်တကူ ထိန်းချုပ်သွားနိုင် ပါတော့တယ်။
ကောင်းတဲ့ သတင်းတစ်ခုကတော့ လောလောဆယ်မှာ Shodan ကို ကောင်းမွန်ပြီး အကျိုးရှိတဲ့ ကိစ္စတွေအတွက်ပဲ အသုံးပြုနေပါတယ်လို့ John Matherly ဆိုပါတယ်။ Matherly ဟာ Shodan ကို လွန်ခဲ့တဲ့ ၃ နှစ်က တည်ထွင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ Shodan ကို အသုံးပြုနေသူများဟာ ကွန်ယက်လုံခြုံရေး စမ်းသပ်သူတွေ၊ ပညာရှင်တွေ၊ အာဏာပိုင် အဖွဲ့အစည်းတွေပဲလို့ သိရှိရပါတယ်။ သာမန်သူတစ်ဦး အနေနဲ့ Shodan ကို သုံးမယ်ဆိုရင် account မပါပဲနဲ့ ရှာဖွေမှု ၁၀ ခု ပြုလုပ်နိုင်ပြီး account ဖွင့်ပြီးပါက ရှာဖွေမှု ၅၀ အား ပြုလုပ်နိုင်မည်ဖြစ်သည်။
ဒီထက်ပိုပြီး နက်နဲစွာ အသုံးပြုမယ်ဆိုရင်တော့ အချက်အလက် အပြည့်အစုံ တင်ပြရမည်ဖြစ်သလို အခကြေးငွေလည်း ပေးဆောင်ရမည်ဟု သိရှိရသည်။
This Way, Shodan
http://www.shodanhq.com/
Ref to  Myanmar Consumer Guide
အိုင်တီခေတ်
Continue reading →
MOZILLA FIREFOX 24 BETA 10
0
17:04
လူသုံးအလွန်များတဲ့ Browser လေးရဲ့ update အသစ်လေး ကို
အားလုံးအလွယ်တကူဒေါင်းနိုင်အောင်ပြန်လည်မျှဝေလိုက်ပါတယ်
အိုင်တီခေတ်
Continue reading →