Mostrando entradas con la etiqueta နည်းလမ်းများ. Mostrar todas las entradas
acer aspire v5 screen display ထပ်နေခြင်း
0
7:54
Acer aspire v5 လေးနဲ့ ကျွန်တော်......acer aspire ကိုင်တဲ့ မိတ်ဆွေတွေအတွက် ပါ....windows 8 orginial နဲ့  ပါလာတဲ့  ကောင်လေးပါ.....ဒီကောင်လေးက windows အသစ်ပြန်တင် တဲ့ အခါ 
ပုံမှန်အားဖြင့်  windows ( 8 ) တင်ပြီးတဲ့ အခါ driver တော်တော်များများ ပါလာတတ်ပါတယ်..ဒီ acer aspire v5 ရဲ့ ထူးခြားချက်ကလေးကတော့ .....windows ပြန်တင်တဲ့ အခါ screen ဟာ နှစ်ခု ထပ်နေပြီး ဘာမှသဲသဲကွဲကွဲ မမြင်ရပဲ ဖြစ်နေတာကို တစ်ချို့ တွေကြုံဘူး ကျမှာပါ......ဆရာ တွေ အတွက် ကတော့ ရိုး အီနေပေမယ့်  ကျွန်တော် တို့ လို နားမလည် တဲ့ လူတွေအတွက် ကတော့  ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်တော့  တာပါပဲ....ဘာမှကိုလည်း သဲသဲ ကွဲကွဲ မမြင်ရ ဆိုတော့  ပိုဆိုးတာပေါ့ ဗျာ...ဒါကိုဘယ်လိုဖြေရှင်းရမယ်ဆိုတာပြန်လည်မျှဝေပေးချင်ပါတယ်...
လိုအပ်တဲ့  vga driver ကို ဒီမှာ ဒေါင်း ပါ.......ပြီးရင် install လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါပြီ။
ဒီပို့ စ်လေးအတွက် ကိုလတ် ( ကျွဲဆင်း ) ကိုသာ ကျေးဇူးတင်ကြပါ။
အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင်ဒီမှာ like လုပ်ပေးပါ။
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
USB FLASH DRIVE ထဲမှာ နေရာလွတ်တွေနည်းနေပြီလား
0
7:15
usb flash drive ထဲမှာ နေရာလွတ်တွေ နည်းလာပြီလား.........? အကြောင်းအမျိုးမျိုး ကြောင့် မိမိသိမ်းဆည်းထားတဲ့  usb flash drive ထဲက data တွေကို အသုံးမပြုချင်တော့ တဲ့ အခါ ကျွန်တော် တို့  formart ချ ပြီး အသစ်တဖန် အသုံးပြုတတ်ပါတယ် ဒီနေရာမှာ 16 GB လောက်ရှိတဲ့  usb strick တစ်ခု ဟာ 200 MB လောက်ပဲ အသုံးပြုလို့ ရနိုင်တော့  တဲ့ သူတွေ ဘယ်နှစ်ယောက်လောက်များ ရှိမလဲ ခင်ဗျာ.....ဒါကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာ ရှင်းပြပေးထားပါတယ်.
usb  နဲ မကင်းနိုင်သေးသမျှဆောင်ထားသင့် တဲ့ ဆော့ ဝဲ လေးတစ်ခု နဲ့ မိတ်ဆက် ပေးချင်ပါတယ်.....သူက ဘာကီးမှ ထည့် စရာမလို ပဲ အမြဲ တမ်း အသုံးပြု လို့ ရပါတယ်။ USB Pendrive , SD Card ,Miscro SD .တွေအားလုံးကို အသုံးပြု လို့ ရပါတယ်။ အောက်မှာ လုပ်ပုံလုပ်နည်း ကိုအသေးစိတ်ဖော်ပြပေးထားပါတယ်ခင်ဗျာ.
လိုအပ်တဲ့  ဆော့ ဝဲကို ဒီမှာ ဒေါင်းပါ။
Installer လေးကိုဒေါင်းပြီး ပြီဆိုရင် rar ဖိုင်ကို ကလစ်၂ ချက်ခေါက်ပြီးဖြည်လိုက်ပါ။
အထဲမှာ HPUSBdisk.exe ဆိုတာလေးကိုတွေ့လိမ့်မယ် ကလစ် ၂ချက်ခေါက်ပြီး ဖွင့်လို့မရပါဘူး
အဲ့ဒီတော့ exe ဖိုင်လေးကို ကလစ် ဖိဆွဲပြီးတော့ Desktop ပေါ်တင်လိုက်ပါ။အသုံးပြုချင်တယ် ဆိုရင်
မောက်စ်လေးကို ထောက်လိုက် Right Click နှိပ်ပြီးတော့ Run as Administrator နဲ့ run ပေးပြီးတာနှင့် အောက်ကပုံလေးလို ပေါ်လာပါလိမ့် မယ်.. ပြီးရင် မိမိ FORMART ချမရဖြစ်နေတဲ့  ERROR တက်နေတဲ့  USB  ,
USB Pendrive , SD Card ,Miscro SD တွေကို ရွေးပေးပြီးတာနှင့်  START ကို နိုပ်ပေးပါ......
(မှတ်ချက် ) တစ်ခေါက်နှင့် အဆင်မပြေလျင် ( ၅ ) ကြိမ် လောက် START ကိုအခါခါ နိုပ်ပေးပါ......လုံးဝ အဆင်ပြေပါတယ်။
အသစ်တင်တိုင်း FACEBOOK ကနေ ဖတ်မယ်ဆိုရင် ဒီမှာ LIKE လုပ်ပေးပါ။
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
Windows 8 မှာ System Image ပြုလုပ်ခြင်း
0
20:12
Windows 8 မှာ System Image ပြုလုပ်ခြင်း
=========================
Windows 7 ကစပြီး ပါရှိလာတဲ့ System Image ကို Windows 8 မှာသုံးလို့ ရပါတယ်။ ကွန်ပြူတာ ကောင်းမွန်စွာ အလုပ်လုပ်နေတဲ့အချိန်မှာ System Image တစ်ခုပြုလုပ်ပြီး သိမ်းထားသင့်ပါတယ်။ သင့်ကွန်ပြူတာ ကောင်းကောင်း အလုပ်မလုပ်တော့ရင် ပြုလုပ်ထားတဲ့ System Image ကနေ ကောင်းမွန်စွာ အလုပ်လုပ်တဲ့ ကွန်ပြူတာ အခြေအနေကို ပြန်လည်ရောက်ရှိအောင် ပြုလုပ်နိုင်ပါတယ်။ Windows 8 မှာတော့ System Image ပြုလုပ်ဖို့ Windows 7 နဲ့ အနည်းငယ်ကွာခြားသွားပါတယ်။
Search box ကနေ Recovery လို့ ရိုက်ပြီး Settings ကိုနှိပ်ပါ။
 Windows 7 File Recovery ကိုနှိပ်ပါ။
ဘယ်ဘက်က Create a system image ကိုနှိပ်ပါ။
System Image ကိုသိမ်းမယ့်နေရာကိုရွေးပေးပါ။ External Storage, DVD or Local Storage စသဖြင့် ရွေးချယ်နိုင်ပါတယ်။
Backup Settings ကို Confirm လုပ်ပေးပြီး Start Backup button ကိုနှိပ်ပါ။ဒါဆိုရင် System Image တစ်ခုကို ပြုလုပ်ပြီးပါပြီ။
System Image ကို Restore လုပ်ချင်ရင် Advanced Startup Options ထဲက System Image Recovery ကိုအသုံးပြုရမှာပါ။
REF : MYANMAR DIGITAL LIFE JOURNAL
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
Ubuntu OS တွင် Touchpad ကို Disable ပြုလုပ်ခြင်း
0
21:15
Ubuntu OS ကို Laptop ဖြင့် အသုံးပြုသူတွေအနေနဲ့ စာရိုက်တဲ့အခါမှာ Touchpad ကို ထိမိတဲ့အတွက် မလိုအပ်တဲ့ အနှောင့်အယှက်တွေ အများကြီးကို ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒီလိုမျိုးပြဿနာတွေ မကြုံစေဖို့အတွက် Laptop ရဲ့Touchpad ကို Ubuntu OS ပေါ်မှာ Disable ပြုလုပ်နိုင်အောင် စီစဉ်ဖန်တီးထားနိုင်မှာဖြစ်ပါတယ်။ Laptop Touchpad ကို Disable ပြုလုပ်ဖို့အတွက် အောက်ပါအတိုင်း ပြုလုပ်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
Ubuntu OS ကို Laptop ဖြင့်အသုံးပြုသူတွေအတွက် Touch pad ကိုအသုံးမပြုလိုတဲ့အခါမှာ Disable ပြုလုပ်ပြီး အသုံးပြုလိုတဲ့အခါမှာ Enable ပြန်လည်ပြုလုပ်နိုင်ဖို့အတွက် ဖန်တီးပြုလုပ်မယ်ဆိုရင် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ၊ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubutnu ရဲ့ Terminal ကို Ctrl+ Alt+T ကို အသုံးပြုပြီးဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ အရင် Package တွေကို Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။
ဒီအဆင့်တွေ ပြီးသွားပြီဆိုရင်တော့ အောက်ဖော်ပြပါ Command တွေကို Terminal ထဲမှာ တစ်ကြောင်းချင်းစီ ထည့်သွင်းသွားရမှာဖြစ်ပါတယ်။ အသုံးပြုရမယ့် Command တွေကတော့
sudo add-apt-repository ppa:atareao/atareao
sudo apt-get update
sudo apt-get install touchpad-indicator ဆိုတဲ့ Command တွေပဲ ဖြစ်ပါတယ်။
ထည့်သွင်းပြီးသွားပြီဆိုရင် Ubuntu OS ရဲ့ System Tray မှာ Touchpad ပုံ Icon လေးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲဒီ Icon လေးပေါ်မှာ Right Click နှိပ်ပြီး Disable Touchpad ဆိုတာကို ရွေးချယ်ရမှာဖြစ်ပါတယ်။ အကယ်၍ Mouse နဲ့ မပြုလုပ်ချင်ဘူးဆိုရင်လည်း Shortcut သတ်မှတ်ပြီး ပေးထားနိုင်မှာဖြစ်ပါတယ်။ Shortcut သတ်မှတ်ဖို့အတွက် TouchpadIcon လေးမှာ Right Click နှိပ်ပြီး Preferences ထဲကို သွားရမှာဖြစ်ပါတယ်။ Preferences ထဲကို ရောက်သွားပြီဆိုရင် Shortcutဆိုတဲ့ နေရာမှာ Shortcut Enableကိုဖွင့်ပေးထားရပါမယ်။ ပြီးသွားမှနှစ်သက်ရာ Key ကိုသတ်မှတ်ထားနိုင်မှာဖြစ်ပါတယ်။ ဒါကတော့Ubuntu OS ကို Laptop ဖြင့်အသုံးပြုတဲ့သူတွေအတွက် Laptopရဲ့ Touchpad ကိုအသုံးမပြုလိုတဲ့အခါမှာ Disable ပြုလုပ်နိုင်ဖို့နည်းလမ်းကို ဖော်ပြပေးခြင်းဖြစ်ပါတယ်။
Credit>>> သီဟ
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။
 Aung Ko Htet (www.itstudier.com)
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
သင့် Favorite Websites တွေကို Google Chrome မှာ လွယ်လွယ်ကြည့်မယ်
0
22:13
Ashampoo_Snap_10
Chrome မှာ tabs တွေအများကြီးဖွင့်ပြီး ၀က်ဆိုက်တွေကြည့်လို့ ရသလို၊ ၀င်းဒိုးတွေအများကြီးဖွင့်ပြီးလည်း ၀က်ဆိုက်တွေကြည့်လို့ ရပါတယ်။ Picture in Picture Viewer ဆိုတဲ့ Chrome Extension ကိုအသုံးပြုရင် နောက်ထပ်ရွေးချယ်စရာတစ်ခုရှိပါတယ်။ ဒီ Extension က Facebook လို သင်အမြဲကြည့်နေကျ ၀က်ဆိုက်တွေကို Panel အနေနဲ့ အသုံးပြုလို့ ရပါတယ်။ Panel အနေနဲ့ ကြည့်တယ်ဆိုတာ ကတော့ ဘယ်ဝက်ဆိုက်ကိုကြည့်နေသည်ဖြစ်စေ Facebook ကို ညာဘက်အောက်နားမှာ Mobile Version လိုပုံစံမျိုးနဲ့ အသုံးပြုလို့ ရတာဖြစ်ပါတယ်။
Picture in Picture Viewer ကို Chrome မှာ အင်စတောလုပ်ပြီးရင် URL Bar ညာဘက်ဘေးမှာ Button တစ်ခုကိုမြင်တွေ့ ရမှာပါ။ သင့် Favorite Website ကို Panel အနေနဲ့  ကြည့်ဖို့  အဲဒီ button ကိုနှိပ်ရမှာပါ။ ဒါပေမယ့် အဲလိုကြည့်လို့ ရအောင်ပြုလုပ်စရာတစ်ခုရှိပါသေးတယ်။ Chrome ရဲ့  Address Bar ကနေ  chrome://flags/#enable-panels  ကို ကော်ပီကူး Paste လုပ်ပြီး Enter နှိပ်ပါ။ Enable Panels ကို Enable လုပ်ပေးပါ။ Chrome ကို restart လုပ်ပေးပါ။
clip_image001
ပြီးရင်တော့ Facebook ကိုဖွင့်ပြီး Picture in Picture Viewer Button ကို နှိပ်ပါ။ Mobile , Embed View နှစ်မျိုးရွေးချယ် လို့  ရပါတယ်။ ပြီးရင် Open in PIP ကိုနှိပ်ပါ။ ဒါဆိုအောက်ကပုံမှာလို မျိုး ၀င်းဒိုးအသေးလေးပေါ်လာမှာဖြစ်ပြီး Facebook ကို Mobile or Embed View နဲ့ ကြည့်လို့ ရပါပြီ။ Moible နဲ့ Embed နှစ်ခုကိုအောက်မှာနှိုင်းယှဉ်ပြထားပါတယ်။ဒါဆိုရင်    Chrome မှာ ဘယ်ဝက်ဆိုက်ကိုကြည့်နေသည်ဖြစ်စေ Facebook ကိုသင်အသုံးပြုလို့ ရပါပြီ။ Browser ကို Minimize လုပ်ထားလည်း အဲဒီ Panel တွေကိုအသုံးပြုလို့ ရပါတယ်။Panel လေးကို အလွယ်တကူ Minimize လုပ်လို့ ရတဲ့အတွက်လည်း အလုပ်မှာ Facebook ခိုးသုံးနေရတဲ့သူတွေအတွက်အဆင်ပြေစေပါတယ်။
clip_image003
Embed View ကို အသုံးပြုပြီး YouTube က Video တွေကြည့်ရတာလည်း အဆင်ပြေပါတယ်။
clip_image004
Chrome Web Store က Picture in Picture Viewer ရဲ့ Page မှာသတိပေးထားတာတစ်ခုက Panel ထဲမှာ right click မနှိပ်ဖို့ ဖြစ်ပါတယ်။ Right click နှိပ်ရင် Chrome က Crash ဖြစ်တတ်ပါတယ်။
Firefox User တွေက ဒီလို မျိုးအသုံးပြုချင်ရင် TabCross ကိုသုံးနိုင်ပါတယ်။
Install Picture in Picture Viewer
www.kothuya.com
Facebook Page ကို Like ပြီးအားပေးပါအုံး။
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
ကိုယ်ပိုင် browser ပြုလုပ်နည်း (for PC)
10
3:48
ကျွန်တော်မနေ့တုန်းက IT Studier Browser လေးတင်ပေးထားပါတယ်။ Comment စောင့်နေတာ ဘယ်သူမှ လည်း comment မပေးဘူး။ သုံးမရလို့ပဲလား။ ဒါမှ မဟုတ်ပေါတောတောနဲ့မို့လို့ပဲလား တော့ မသိပါဘူး။ ကျွန်တော်လည်းအသာယာ မှိန်းပြီးတော့ မသိချင်ယောင်ဆောင်ပြီး အဆင်ပြေတယ် လို့သဘော ထားလိုက်တော့မယ်နော်။ အခုတော့ ကိုယ်ပိုင် browser ပြုလုပ်နည်းလေးကို တင်ပေးပါ့ မယ်ဗျာ။
OK တယ်ဆိုရင် စမယ်နော်။ ဘာမှ မခက်ပါဘူး။ အောင်ကိုထက်ကို အထင်ကြီးနေတဲ့ သူတွေကတော့ အန်.... ဆိုပြီးဖြစ်သွားမှာ ကျိမ်းသေပါတယ်။ေိေိ :D ။ ကျွန်တော်ပြောထားသလို ဘာ language မှ မလိုသလို programmer ကြီးလဲ ဖြစ်ဖို့မလိုပါဘူး။ အဓိကက နည်းလမ်းလေးသိရင်ရပါပြီ။
အရင်ဆုံး  ဒီနေရာလေးကိုနှိပ်ပြီး  browser ပြုလုပ်ဖို့ website လေးကို သွားလိုက်ပါ။ ပြီးသွားရင် Start Now ဆိုတာကို နှိပ်လိုက်ပါ။ နောက်တစ်မျက်နှာကို ရောက်သွားပါလိမ့်မယ်။
အဲ့ဒီထဲမှာ စာကြောင်းနှစ်ကြောင်းတွေ့ရပါလိမ့်မယ်။ ပထမဦးဆုံးစာကြောင်းမှာ ကိုယ့် browser ရဲ့ နာမည်ကိုရေးလိုက်ပါ။ နောက်ထပ်အောက်က တစ်ကြောင်းမှာကတော့ ကိုယ့် browser ရဲ့ ပုံလေးကို Browse ကနေပြီးရွေးပေးလိုက်ပါ။
ပြီးသွားရင် Select Theme ဆိုတာကို ထပ်နှိပ်လိုက်ပါ။ ပြီးရင် themes တွေကိုရွေးခိုင်းပါလိမ့်မယ်။ အဲ့ဒီထဲက ကိုယ်ကြိုက်တဲ့ themes ပုံလေးကို ရွေးပေးလိုက်ပါ။အဲ့ဒါတွေအကုန်ပြီးသွားရင် ညာ ဘက်အောက် ဆုံးနားမှာရှိတဲ့ I agree to the term of use ဆိုတာကို အမှန်ခြစ်ပေးပြီးရင် Finish and download ဆိုတဲ့ button လေးကိုနှိပ်ပေးလိုက်ပါ။ အဲ့ဒါဆိုရင် ကိုယ့်ရဲ့ ကိုယ်ပိုင် browser လေးနဲ့ ကိုယ့်ကွန်ပျူတာမှ လန်းနိုင်ပါပြီဗျာ။ေိေိ သိသွားတော့လည်း ဘာမှမဟုတ်သလိုပဲနော်။
အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ 
 Aung Ko Htet (www.itstudier.com)
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
Google Search ကို ကောင်းကောင်း အသုံးပြုမယ်
0
2:55
အခြေခံ Google Search အသုံးပြုခြင်း
အင်တာနက် ကော်နက်ရှင် ရမရ စမ်းသပ်ဖို့အတွက် ကျနော်တို့လည်း Google ကို အသုံးပြုသလို၊ စာဖတ်သူတို့လည်း အသုံးပြုတာကို မငြင်းဆန် နိုင်ပါဘူး။ ပြီးတော့ စာလုံးပေါင်း သတ်ပုံ စစ်ဆေးမှုပေါ့။
အလယ်အလတ် Google Search အသုံးပြုခြင်း
အထက်က အချက်တွေတင် မကတော့ဘူး။ ကိုယ်ရှာချင်တဲ့ လူတစ်ဦးတစ်ယောက်ရဲ့  အမည်တွေကို ရိုက်တတ်လာတယ်။ ပုံလည်း ရှာတတ်လာတယ်။ သီချင်းလေးတွေ ရှာတတ်လာတယ်။ ဗီဒီယိုတွေ ရှာတတ် လာတယ်။ သီချင်းစာသားတွေ ရှာတတ်လာတယ်။ ဒေါင်းချင် တဲ့ ဆော့ဖ်ဝဲကို တွေ့အောင် ရှာတတ် လာတယ်။
အဆင့်မြင့် Google Search အသုံးပြုခြင်း
Google Search ကနေ အွန်လိုင်းကနေ အခမဲ့ သင်ကြားလို့ရမယ့် ဝဘ်ဆိုဒ်တွေကို ရှာဖွေမယ်၊ လေ့လာမယ်။ ဥပမာ coding ဆိုလည်း coding, အနီးစပ်ဆုံးအားဖြင့် အင်္ဂလိပ်စာ လေ့လာဖို့အတွက်လည်း ရှာဖွေပြီး သုံးလို့ ရတယ်။ ဗီဒီယို lecturer တွေ ရှာဖွေမယ်။ Google Search Engine ကနေပဲ Top ranking site တွေကို ကိုယ်တိုင် research လုပ်မယ်။ စာရင်းပြုစုမယ်။ ဒါတွေကို လက်တွေ့ ပြန်ပြီးတော့ အသုံးချမယ်။ အစရှိသဖြင့် ပေါ့။ Search Engine မှာ Optimize ဖြစ်တဲ့ ဆိုဒ်တွေကို သတိထားမိလာမယ်။ ကိုယ်ရှာချင်တဲ့ keyword, meta data တွေကို သေချာ ပေးပြီး ရှာတတ်လာမယ် အစရှိသဖြင့်ပေါ့။
Google က ကိုယ့်အတွက် အကောင်းဆုံး ခရီးသွားလမ်းညွန်တစ်ခုလိုပါပဲ။ သို့ပေမယ့် ကိုယ်သွားချင်တဲ့ ခရီးကို သေချာ သိဖို့လိုအပ် ပါတယ်။ ဘက်ပေါင်းစုံကနေ ကောင်းကောင်း အသုံးချနိုင်ရင် Google Search နဲ့တင် ပညာတတ်တစ်ဦး ဖြစ်စေဖို့တောင် ပညာရှင်အချို့ က အာမခံ ထားပါတယ်။ wikipedia ကို specialize လုပ်ရင် ဗဟုသုတ ကြွယ်သလို Google ကနေ လိုရာ ပညာရပ်များကို အလွယ်တကူ ရှာဖွေလေ့လာလို့ ရပါတယ်။ ဒါကြောင့်မို့ Google Search ကို ကောင်းကောင်း အသုံးချနိုင်ဖို့ အတွက် ရေးသား တိုက်တွန်းလိုက်ရ ပါတယ်။
Google Searh ကို ကောင်းကောင်း အသုံးချနိုင်ဖို့အတွက် အောက်ပါလခ့်မှာ ကိုယ်တိုင် ဝင်ရောက် လေ့လာ နိုင်ပါတယ်။
http://www.howtogeek.com/106718/how-to-search-google-like-a-pro-11-tricks-you-have-to-know/
Advanced Google Search - http://www.google.com/advanced_search
အောင်ခမ်း ( smart.com.mm )
Aung Ko Htet
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
အင်တာနက် SPEED ကို ပိုမိုတိုးမြင့် သုံးစွဲချင်သူများအတွက်
0
12:13
tricks to increase Internet speed
 Internet speed နှေးနေလား ......?  Internet speed ကိုနည်းလမ်း( ၅ ) မျိုးနှင့် အမြန်ဆန်ဆုံးဖြစ်အောက်ကူညီပေးချင်ပါတယ်။အချိန်ရမှဖတ်ပါ ။ ဟာမဖြစ်နိုင်ဘူး ထင်ရင်လည်းကျော်သွားလိုက်ပါ။ကျွန်တော် ရေးသားပေးတဲ့  ( 5 ) မျိုးထဲမှာ နည်းလမ်းတစ်ခုကို (20 % ) နှုန်း တိုးပါတယ် တစ်ဆင့် ချင်းကိုသေသေချာချာနားမလည်လို့  ကျော်လုပ်ရင်လည်း ရပါတယ် ။မိမိတတ်နိုင်သလောက်လုပ်
ပြီးအင်တာနက် speed ကိုမြင့် တင်နိုင်ပါပြီ။
မည့် သည့်  ပုဂ္ဂိုလ် မျိုးမဆို မိမိတို့ ရှိရင်းစွဲ ထက်ပိုပြီး အင်တာနက် speed ကို မြန်အောင် သုံးစွဲခြင်ကြမှာပါ။
အင်တာကနက်       speed မြင့် အောင်     ကျွန်တော်ပြောပြပေးမဲ့  နည်းလမ်းလေး.အောက်ကအတိုင်းလိုက်လုပ်ကြည့် ပေးပါ။
DNS SERVER ပြောင်းလဲသုံးစွဲခြင်း ( ၁ )
-----------------------------------------------------------------
DNS ဆိုတာဘာလဲ.........?   Domain  Name  Server   (or)  DNS  ဆိုတာ   Web Address  တွေ ကို ကွန်ပြူတာတွေ  နားလည်တဲ့  IP Addressတွေ  အဖြစ်ပြောင်းလဲ  ပေးတာပါ။  ဥပမာ သင်က website  တစ်ခုခု ကိုဝင်ရောက်လိုက်တယ်  ဆိုကြပါပါစို့  ။  DNS Server က  IP Address အဖြစ် ပြောင်းလဲ  ပေးလိုက်ပါတယ်။ အဲဒီအခါကျမှ သင်က ၄င်း website ကို အသုံးပြုလို့ ရတာပါ။  သင် ၀က်ဆိုက်တစ်ခု  ဖွင့်တိုင်း DNS Server က ကြားထဲကနေလ အလုပ် လုပ်ပေးနေ တာဖြစ်တဲ့ အတွက် အင်တာနက် အမြန်နှုန်းက DNS server ပေါ်မှာလည်း မူတည်ပါတယ်။ လူအများစုက Internet Service Provider(ISP)  တွေရဲ့ DNS  ကို သုံးကြပါတယ်။  သင့် အင်တာနက်  Speed ပိုမိုကောင်းမွန်အောင်လို့ သင့် ISPရဲ့ DNS ကို မသုံးဘဲ တစ်ခြား DNS(google dns,open dns etc:)တွေကို ပြောင်းလဲသုံးနိုင်ပါတယ်။
windows xp အတွက် dns server ပြောင်းလဲနည်းများ
--------------------------------------------------------------------------
  • Control Panelကိုဖွင့် ပါ။
  • ‘Classic View’ if you haven’t yetဆိုတာကို swift off လုပ်လိုက်ပါ။
  •  ‘Network Connections’ ကိုdouble click နှင့် ဖွင့် ပါ။
  •  Connectionကိုရွေးချယ်လိုက်ပါ ။  LAN ဆိုရင် Local Area Network ကိုရွေးပါ။Modemဆိုရင် Modemကိုရွေးပါ။
  •  Network ConnectionကိုRight click ထောက်ပြီး မိမိအသုံးပြုတဲ့    LAN သို့ မှဟုတ် Modemကိုရွေးပြီး Properties’ ကိုနိုပ်ပါ။
  •  Properties ကိုနိုပ်ပြီးတာနှင့် box လေးတစ်ခုကျလာပါလိမ့် မယ်,  ‘Networking’ ကိုနိုပ်ပါ။
  •  ‘Internet Protocol (TCP/IP)’. မှာ Double click နှင့် ဖွင့် လိုက်ပါ။
  • “Use the following DNS server addresses:”ကိုရွေးချယ်ပေးပါ။
  • ‘Preferred DNS server” မှာ : 8.8.8.8 ကိုရိုက်ပေးပါ။
  •  ‘Alternate DNS server’မှာ : 8.8.4.4 ကိုထည့် ပေးပါ။
  •  OKကိုနိုပ်ပါ။ ,  OK  ထပ်နိုပ်ပါ ။, OK နောက်ထပ်တစ်ခါ ( သုံးခါ နိုပ်ပါ )
  • 14.  Computer ကို restart ချပါ။
windows 7 အတွက် DNS ပြောင်းလဲနည်း
----------------------------------------------------------
  • Control panel ကိုဖွင့် ပါ
  •  Network and Internet ကိုဖွင့် ပါ။
  •  Network and Internet မှာ ‘Network and Sharing Center’. ကိုရွေးပါ။
  • ‘Change adapter settings’ကိုရွေးပါ။
  • Network ConnectionကိုRight click ထောက်ပြီး မိမိအသုံးပြုတဲ့    LAN သို့ မှဟုတ် Modemကိုရွေးပြီး Properties’ ကိုနိုပ်ပါ။
  •  Properties ကိုနိုပ်ပြီးတာနှင့် box လေးတစ်ခုကျလာပါလိမ့် မယ်,  ‘Networking’ ကိုနိုပ်ပါ။
  •  ‘Internet Protocol (TCP/IP)’. မှာ Double click နှင့် ဖွင့် လိုက်ပါ။
  • “Use the following DNS server addresses:”ကိုရွေးချယ်ပေးပါ။
  •  Preferred DNS server” မှာ : 8.8.8.8 ကိုရိုက်ပေးပါ။
  • ‘Alternate DNS server’မှာ : 8.8.4.4 ကိုထည့် ပေးပါ။
  • OKကိုနိုပ်ပါ။ ,  OK  ထပ်နိုပ်ပါ ။, OK နောက်ထပ်တစ်ခါ ( သုံးခါ နိုပ်ပါ )
  • 14.  Computer ကို restart ချပါ။
bandwidth လုပ်ခြင်း (မြှင့် တင်ခြင်း )
---------------------------------------------------------------
 windows operation system
If you are using Windows Operating System then you might not be aware of fact that 20% of of your total Internet bandwidth is ‘Locked’ for ‘Windows Update’ purpose. If you will perform following tweak then you can Increase your Internet Speed by 20% !
In this trick we will unlock this reserved internet speed by a simple and easy tweak.
  • WinKey + R ကိုနိုပ်ပြီးတော့  Run ကိုခေါ်လိုက်ပါ။
  • Run ထဲမှာ GPEDIT.MSC ကိုရိုက်ပြီး entre ခေါက်လိုက်ပါ။
  • Group Policy Editor Window ပေါ်လာပါလိမ့် မယ်။
  • Administrative Templates -ကနေ  Network ကိုရွေး QOS Packet Scheduler ကိုထပ်ရွေးပါ။
  • Limit reservable bandwidth ကိုနိုပ်ပါ။
  • Limit reservable bandwidth  Right click ထောက်ပြီး  properties ကိုဝင်ပါ။
  • Not Configured’, ကို  ‘Enable’ရွေးပြီး Bandwidth Limit ကို  0% ထားပေးပါ။
  • OKနိုပ်ပြီးထွက်လိုက်ပါ။
JavaScript ကို Disable လုပ်ခြင်း
-------------------------------------------------
website တော်တော်များများဟာ javascript ကိုသူတို့ ရဲ့  pages တွေမှာ အသုံးပြုကြပါတယ်။ javascript တွေဟာ effects or feature တွေနှင့်  ရှိနေတတ်ပါတယ်။ ဒီjavascript  တွေကလည်း မိမိတို့ ရဲ့   loading လုပ်တဲ့  အချိန်ကိုကြာမြင့် အောင်စောင့် ဆိုင်းစေပါတယ်။တကယ်လို့ မိမိတို့ က ၄င်း javascript တွေကို  ပိတ်ထားနိုင် မယ်ဆိုရင် အလုပ်လုပ် တာဟာပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်။
ဒါဆိုရင်  မိမိတို့ အသုံးပြုနေတဲ့  ( ဥပမာ - facebook စတာတွေမှာ ပိုမိုမြန်မြန်ဆန်ဆန် အသုံးပြုလာနိုင်မှာပါ။
 Mozilla Firefox အတွက်နည်းလမ်း
----------------------------------------------
  • menu bar မှာ Tools ကိုရွေးပါ
  • Linux Usersသမားတွေအတွက်က menu barမှာ  Editကိုရွေးပါ
  • Options ကိုရွေးပါ။
  • Linux Usersသမားတွေအတွက် က  Preferences ကိုနိုပ်ပါ။
  • Content Tab ကိုနိုပ်ပါ။
  • Un-chek Enable JavaScript option
  • Ok ကိုနိုပ်ပေးပါ။
Internet Explorer အတွက်နည်းလမ်း
----------------------------------------- ------
  • Tool ကိုနိုပ်ပါ။ present on top menu bar
  • Internet Options ကိုနိုပ်ပါ။
  •   Securityကိုနိုပ်ပါ။
  •   Custom Level ကို slect လုပ်ပါ။
  •  'Scripting' label အထိ ရောက်အောင်ရှာလိုက်ပါ။
  •  'Active Scripting'  မှာ disable လုပ်ပြီး ok လုပ်လိုက်ပါ။
 Google Chrome အတွက်နည်းလမ်း
----------------------------------------------------
  • Toolbar မှာ  Spanner Icon ကိုရှာလိုက်ပါ။
  • Options ကိုနိုပ်ပါ။
  • Hood ကိုနိုပ်ပါ။
  • Content settings ကိုနိုပ်ပြီး 'Privacy' ကိုနိုပ်ပါ။
  •  Google chrome ရဲ့ JavaScript section ကိုရွေးပြီး  Do not allow any sites to run JavaScript ကိုရွေးပေးပါ။
 Turn off automatic updates လုပ်ခြင်း
----------------------------------------------------
မိမိအင်တာနက်ဖွင့် ပြီးအသုံးပြုသည့် အချိန်တိုင်း မှာ Windows update တွေဟာ အနောက်ကနေ အလုပ်လုပ်နေပါတယ်။ ဒီကောင်တွေဟာ ဆိုဒ်ပမာဏကလည်းကြီးမားတဲ့ အတွက် မိမိတို့ အသုံးပြုနေတဲ့ အင်တာနက် speed ကို နှေးကွေးလေးလံစေပါတယ်။ဒါကြောင့်  automatic updates လုပ်နေတာတွေကို ပိတ်ထားပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်သင့် စက်ဟာပုံမှန်ထက်( 20 % ) ပိုမိုပေါ့ ပါးသွက်လက်လာမှာဖြစ်ပါတယ်
- Windows XP ?
----------------------------------------
  •  'Control Panel'ကိုဖွင့် ပါ ။
  •  'Classic view' enabledလုပ်ပေးပါ။
  •  'System'မှာ  Double click  နိုပ်ပေးပါ။
  •  'Automatic Updates' ကိုနိုပ်ပါ။
  •  'Automatic Updates' ကိုနိုပ်ပြီး  'Keep my computer up to date.' OK ပေးလိုက်ပါ။
 Windows 7 ?
---------------------------------
  •  Start ကိုနိုပ်ပါ။
  •  search box နေရာမှာ 'System and Security' ကိုနိုပ်ပြီး ရှာလိုက်ပါ။
  •  'Windows Update'  မှာ   'Turn automatic updating on or off' ဆိုတာကို ရွေးပေးလိုက်ပါ။
  •  'Important updates' နေရာမှာ   'Never check for updates'ဆိုတာကိုရွေးပေးပါ။
  •  OK နိပ်ပြီး Save လုပ်ခဲ့ ပါ။
windows 8 , windows 8.1 အတွက်လည်း windows 7 လိုမျိုးပဲလိုက်လုပ်နိုင်ပါတယ်။
Window network socket reset လုပ်ခြင်း
------------------------------------------------------------
OS တစ်ခုကနေ အချက်အလက်တွေကို ပို့ဖို့အတွက် network socket  တွေကို အသုံးပြုပါတယ်။ သူတို့က ကြာလာရင် overload ဖြစ်ပြီး အင်တာနက်အသုံးပြုရလေးစေပါတယ်။
run ကိုဖွင့် ပြီး  ,  cmd ရိုက်ပြီး  enter ခေါက်; command prompt တက်လာရင် ( netsh winsock reset )  စာကိုရိုက် Enter ခေါက်လိုက်ပါ  ပြီးရင် ကွန်ပြူတာကို Restart လုပ်ရပါမယ်။
နောက်ဆုံးအနေနဲ့ အောက်ကဆော့ ဝဲလေးကိုလည်းအသုံးပြုနိုင်ပါတယ်
TCPEye  Download  here
အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင်
ဒီမှာ like လုပ်ပေးပါ။
စိုင်းသူ
www.saithu102.blogspot.com  
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
မိမိကွန်ပျူတာက INFORMATION အသေးစိတ်ကိုသိရအောင်
0
11:41
computer တစ်လုံးရဲ့  အသေးစိတ် information ကိုကြည့် ရအောင်
=======================================
computer တစ်လုံးမှာတပ်ဆင်ထားတဲ့ hardware item တွေအားလုံးရဲ့ detail information ကြည့်ချင်ရင်၊ Hotfix ဘယ်လောက်ထည့်ထားသလဲ၊ Page file size ဘယ်လောက်ရှိသလဲ၊ ကွန်ပျူတာကို ဖွင့်ထားတာ အချိန်ဘယ်လောက်ကြာပြီလဲ၊ IP Address ကဘယ်လောက်လဲ စသည်ဖြင့် အချက် အလက်များ အားလုံးကို အမြန်ကြည့် နည်းလေးကို မျှဝေ လိုက်ပါတယ်။
အောက်ပါအတိုင်းလုပ်ဆောင်ပါ။
၁။ Start>Run ကိုသွားပါ။
၂။ cmd ဟုရိုကဟုရိုက်ပြီး Enter ခေါက်ပါ။
၃။ (cmd သည် command prompt ၏အတိုကောက်ဖြစ်ပါသည်)
၃။ cmd ပွင့်လာသောအခါတွင် systeminfo ဟုရိုက်ပြီး Enter ခေါက်ပါ။
၎။ သင့်ကွန်ပျူတာ၏ အသေးစိတ်အချက်အလက်များ ကျလာပါလိမ့်မည်။
၅။ cmd မှထွက်ရန်အတွက် exit ဟု ရိုက်ပြီး Enter ခေါက်ပါ။
=======================================
ဆက်လက်ဖော်ပြပေးပါမည်။ (အခုပဲ လိုက်လုပ်ကြည့် ပေးပါ )
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
ကွန်ပျူတာမှာ ram တိုးချင်သူတွေအတွက်ပါ။
1
23:11
 windows xp , windows 7, windows 8 , windows 8.1 တွေမှာ ram တိုးချင်သူတွေအတွက်ပါ။
ဒီကောင်လေးကတော့  virtiual ram အားကိုတိုးမြှင့် ပေးတာပါခင်ဗျာ။မိမိတို့ စက်မှာ ram ပိုင်းဆိုင်ရာစွမ်းဆောင်ရည်တွေကိုအားမရလို့ တိုးချင်သူများအတွက်ပါ။ကျွန်တော်ပြောသလိုလိုက်လုပ်ပေးပြီး
တာနှင့် စက်ကို စက်ကို RESTART ချလိုက်တာနှင့် မိတ်ဆွေတို့ ကွန်ပျူတာဟာထူးထူးခြားခြားသွက်လက်လာပါလိမ့် မယ်။
  • my computer မှာ  > right click ထောက်ပြီး properties ကိုနိုပ်ပါ။
  • advance မှာနိုပ်ပါ။
  •  Performance' section မှာ setting button ကိုနိုပ်ပါ။
  • 'Advance'ကိုထပ်နိုပ်ပါ။
  • အောက်မှာ 'Virtual memory' Section မှာ change ဆိုတာလေးကိုနိုပ်ပါ။
  • C Drive ကိုရွေးချယ်ပေးလိုက်ပါ။
  • "Custom Size" ကိုထပ်မံရွေးချယ်ပါ။
  •  Initial Size (MB)ဟာ 5000 MB ဟာ 5GB  နဲ့ ညီမျှပါတယ်  2000 MB က 2GB ဖြစ်တဲ့ အတွက် မိမိအတွက်သင့် တော်သလိုရွေးချယ်ပေးပါ။တိုးချင်သလိုတိုးလို့ ရပါတယ် မိမိသဘောပါ။ဝန်နှင့် အားနှင့် တော့ ချိန်ဆပါ။
  •  "Set" ကိုနိုပ်ပြီး ok နှင့် အားလုံးကိုပြန်ထွက်လာခဲ့ ပါ။
ပြီးရင်စက်ကို RESTART ချလိုက်တာနှင့် မိတ်ဆွေတို့ ကွန်ပျူတာဟာထူးထူးခြားခြားသွက်လက်လာပါလိမ့် မယ်
အသစ်တင်တိုင်း FACEOOK ကနေဖတ်မယ်ဆိုရင်
ဒီမှာ LIKE လုပ်ပေးပါ။
စိုင်းသူ
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
သင့် ကွန်ပြူတာ မှာ Virus တွေ့ ရင်ဘယ်လို သတ်မလဲ?
1
5:23
clip_image002
သင့် ကွန်ပြူတာ က Antivirus က Virus တွေ့ တယ်လို့ သတိပေးရင်ပဲဖြစ်ဖြစ်၊ သင့်ကွန်ပြူတာ က လေးလံလာပြီး အလုပ်ကောင်းကောင်းမလုပ်တော့ရင်ဖြစ်ဖြစ် ဒီနည်းလမ်းကိုသုံးပြီး Virus တွေကိုရှင်းနိုင်ပါတယ်။
Antivirus က Virus ကို တွေ့ ရင် ဘာလုပ်ရမလဲ?
သင့် Antivirus က Virus တွေ့ ပါတယ်လို့ သတိပေးတာ ဟာ ကောင်းတဲ့ အချက်တစ်ခုဖြစ်ပြီး Antivirus က Virus ကို နိုင်နင်းစွာကိုင်တွယ်ထားနိုင်တဲ့သဘောပါ။
clip_image003
Antivirus အသုံးမပြုဘူးဆိုရင်
Antivirus အသုံးမပြုတဲ့ သူတွေ ကိုတော့ အခုပဲ အသုံးပြုပါလို့ တိုက်တွန်းချင်ပါတယ်။ Avast , AVG , Microsoft Security Essential တို့ က Free အသုံးပြုနိုင်ပြီး စွမ်းဆောင်ရည်ကလည်းကောင်းမွန်ပါတယ်။ Windows 8 /8.1 အသုံးပြုသူတွေကတော့ Antivirus တစ်ခု သီးသန့် သုံးစရာမလိုဘဲ သူ့ မှာ Built-in ပါတဲ့ Microsoft Security Essential ကိုနာမည်ပြောင်းထားတဲ့ Windows Defender ကိုသုံးနိုင်ပါတယ်။
clip_image004
Internet Security Suite တွေမှာ ပါတဲ့ ပိုမိုကောင်းမွန်တဲ့ Features တွေဖြစ်တဲ့ two-way firewalls, phishing filters, anti-theft , spam filter,web safety    စတာတွေကိုပါသုံးချင်ရင်တော့ Internet Security Suite ကို ကိုယ်တိုင်ပြုလုပ်ပါ။ Cracked Version တွေကို အသုံးပြုတာကိုတော့ အားမပေးပါဘူး။ အဲဒီ Cracked Version တွေ ကိုယ်တိုင် ဟာ Virus ,Malware တွေဖြစ်နေတတ်ပါတယ်။
သင့် Antivirus က Virus ကို မသတ် နိုင်ရင်
သင့် ကွန်ပြူတာ မှာ Virus ၀င်ရောက်နေတယ်လို့ သံသယ ရှိပြီး Antivirus ကလည်း မဖမ်းမိ ၊ မသတ်နိုင်ဘူး ထင်ရင် တစ်ခြား Antivirus နဲ့ သတ်နိုင်ပါတယ်။
Antivirus တော်တော်များများက One-Time Scanning Tool တွေပြုလုပ်ပေးထားပါတယ်။ ESET Online Scanner ကို အင်စတောလုပ်စရာမလိုဘဲ ဒေါင်းလုပ် လုပ်ပြီး တာနဲ့  Quick Scan လုပ်နိုင်ပါတယ်။ သင့် စက်မှာရှိပြီးသား Antivirus ကိုလည်း ဖြုတ်စရာမလိုတဲ့အတွက်အဆင်ပြေပါတယ်။ Bitdefender 60-Second Virus Scanner ကလည်း အဲဒီလို မျိုး လုပ်ဆောင်ပေးနိုင်ပါတယ်။
Scanner က Virus တွေ့ ပြီလို့ အချက်ပေးရင် အဲဒီ Scanner နဲ့ ပဲ သတ်လို့ ရပါတယ်။ သင့်ရဲ့  Antivirus အဟောင်း ကိုတော့ ဖြုတ်ပြီး အခြားတစ်ခုနဲ့ လဲလှယ်အသုံးပြုသင့်ပါတယ်။
clip_image005
သတ်ဖို့ ခက်ခဲ တဲ့ Virus မျိုးကို သတ်ဖို့ 
တစ်ချို့  Virus , Malwares တွေဟာ အလွန်အစွမ်းထက်ပြီး သင့် System မှာ နက်နက်ရှိုင်းရှိုင်း ပူးကပ်နေတတ်ပါတယ်။ အဲဒီလို Virus တွေဆိုရင် သတ်ဖို့ အလွန်ခက်ခဲပါတယ်။
ဒီလိုအခြေအနေမှာဆို Safe Mode ကအသုံးဝင်ပါတယ်။ Safe Mode မှာဆိုရင် Virus အပါအ၀င် Third-Party Software တွေဟာ အလုပ်မလုပ်နိုင်ပါဘူး။ Safe Mode ကိုဝင်ပြီး Antivirus ကို  Scan လုပ်ခိုင်းရင် Virus ကိုသတ်ကောင်းသတ်နိုင်ပါတယ်။ Safe Mode ကို ၀င်ဖို့ အတွက် ကွန်ပြူတာကို Restart လုပ်ပြီး F8 ကီး ကို နှိပ်ပါ။ Boot Options Menu ရောက်ရင် Safe Mode ကိုရွေးပါ။ Safe Mode ရောက်ရင် Antivirus ကို Run ပြီး Virus ကိုသတ်ပါ။ Safe Mode မှာ အင်တာနက်အကူအညီလိုချင်ရင်တော့ Boot Options Menu မှာ Safe Mode with Networking ကိုရွေးပါ။
Safe Mode မှာလည်း Virus ကိုမသတ်နိုင်ဘူးဆိုရင် Antivirus Rescue CD တွေကို Boot တက်ပြီး သတ်ပါ။ Rescue CD တွေကို အသုံးပြုရင် Virus ရဲ့ အနှောင့်အယှက် မရှိတဲ့ အတွက် အောင်မြင်ဖို့ ရာခိုင်နှုန်းများပါတယ်။ Kaspersky Rescue CD အသုံးပြုနည်းကိုရေးပေးထားပါတယ်။ Bitdefender , Avira တို့ ရဲ့  Rescue CD တွေကို လည်း အခမဲ့ အသုံးပြုနိုင်ပါတယ်။ အသုံးပြုနည်းကတော့ Kaspersky နဲ့ သိပ်ပြီး ကွာခြားမှာမဟုတ်ပါ။
clip_image006
နောက်ဆုံး Virus ကိုဘယ်လို နည်းနဲ့ မှသတ်လို့ မရတော့ဘူးဆိုရင် ဒါမှမဟုတ် Virus ကိုသတ်ပြီးတဲ့ အခါမှာ သင့် System ဟာ တော်တော်ပျက်ဆီး သွားပြီဆိုရင်  Factory Reset ချလိုက်ပါ။ ကွန်ပြူတာ တော်တော်များများမှာ Recovery Partition or Restore Partition ပါရှိပြီး Boot တက်တဲ့ အချိန် မှာ သတ်မှတ်ထားတဲ့  ကီး တစ်ခု ကို နှိပ်ပြီး အသုံးပြုနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ ကီး ကတော့ စက်တစ်လုံး နဲ့ တစ်လုံး မတူတဲ့အတွက် အင်တာနက် ကနေရှာပါ။ Windows Installer Disc ရှိရင် Clean Install လုပ်ပါ။ Clean Install လုပ်ရင် ဖိုင်တွေ ၊ Programs တွေအားလုံးကိုဖျက်ပစ်မှာဖြစ်တဲ့အတွက် အရေးကြီးဖိုင်တွေကို Backup လုပ်ပါ။ Windows 8/8.1 မှာဆိုရင် Factory Reset လုပ်ဖို့ အတွက် အသစ်ပါရှိလာတဲ့ Reset Feature ကိုသုံးနိုင်ပါတယ်။
Facebook Page ကို Like ပြီးအားပေးပါအုံး။
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
YouTube က Video တွေ ဒေါင်းယူပြီး ဖွင့်မရ ကြည့်မရဖြစ်နေရင် Software မသုံးပဲ ဒေါင်းယူနည်း
1
5:59
Aung Kyaw:
YouTube မှာတင်တဲ့ သီချင်း MTV တွေကို IDM နဲ့ အရင်ကလိုဒေါင်းလို့မရတော့ဘူးဖြစ်နေတယ်
ဘယ်လိုဖြစ်သွားတာလဲဟင်
YTD နဲ့ ဆွဲလည်း မရဘူးခင်ဗျ။
ပြီးတော့..
YouTube က Video တွေဆွဲလိုက်တယ်ဗျာ
ဒေါင်းယူလို့ရတယ်
ဒါပေမဲ့ဖွင့်ကြည့်ရင် ကြည့်မရဘူး။.
ဘာ Player နဲ့ပဲဖွင့်ဖွင့် ကြည့်လို့မရဘူးဖြစ်နေတယ်။
ဘယ်လိုဖြစ်တာလဲခင်ဗျာ။
ကူညီပါဦးနော်။
Facebook ကနေ သူငယ်ချင်းတစ်ယောက် မေးလာလို့ မသိသေးတဲ့ သူငယ်ချင်းတွေတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်... သူပြောသလိုပဲ ကိုယ်တိုင် ကြုံတော့မှပဲ သိတော့တယ်...။
OK.... ပထမဆုံး....
စက်ထဲမှာ Internet Download Manager (IDM) ရှိနေရက်နဲ့ YouTube Video ရဲ့အပေါ် ညာဘက်ထောင့်နားက Download this video ဆိုတဲ့ Button လေး မပေါ်ပဲ ဒေါင်းမရ ဖြစ်နေရင်တော့  IDM ကို Update လုပ်ပေးပါ. .. IDM ကို Update လုပ်ပေးအပြီး Serial Key တောင်းနေရင် Full Version ဖြစ်ဖို့အတွက် ဒီပို့စ်ထဲ ကအတိုင်း လုပ်ပေးလိုက်ပါ....။
 (IDM မရှိသေးတဲ့ သူငယ်ချင်းများလည်း အဲ့ဒီပို့စ် ထဲကအတိုင်း မိမိတို့ စက်မှာ ဒေါင်းယူ Install နိုင်ပါတယ် အင်တာနက်ထဲက Software ,Video,Music တွေနဲ့ အခြား မိမိ လိုချင်တာတွေ ဒေါင်းယူတဲ့နေရာမှာ အဆင်ပြေဆုံး Downloader လေးပါ စက်တိုင်းထည့်ထားရှိသင့်ပါတယ်။ ဒေါင်းမရဘူး မဒေါင်းတတ်သေးဘူးဆိုရင်တော့ ဒီပို့စ်ကို ဖတ်ပေးပါ)
IDM ကို Update လုပ်ပြီးတော့လည်း Download this video ဆိုတဲ့ Button လေး မပေါ်သေးဘူးဆိုရင်တော့ ဒီပို့စ်ထဲ ကအတိုင်း လုပ်ပေးနိုင်ပါတယ်...။
 နောက်တစ်ခုက YouTube Video တွေ ဒေါင်းယူပြီး ဖွင့်မရ  ကြည့်မရ ဖြစ်နေရင်တော့... ဒီနည်းလေးတွေနဲ့ ပြန်ဒေါင်းယူပါ...
 ပထမဆုံး IDM ထည့်ထားတယ်ဆိုရင် Download this video ဆိုတဲ့ Button လေးကို နှိပ်ပါ... ရွေးစရာ Format တွေထဲက MP4 Format ကို ရွေးပြီးဒေါင်းယူပါ... (တချို့ Video တွေမှာ အဲ့ဒီလို ရွေးစရာတွေ မပေါ်တတ်ပါဘူး)
အဲ့ဒီလို ရွေးစရာ Format တွေမပေါ်ခဲ့ရင် တခြား Browser(IE,Firefox,Chrome) တွေကတဆင့် ပြောင်းပြီး ဒေါင်းကြည့်ပါ .. ။
Software မသုံးပဲ ဒေါင်းယူနည်း
နောက်ဆုံး အဆင်မပြေဘူးဆိုရင်တော့ ( ရွေးစရာ Format တွေမပေါ်ခဲ့ရင်) ဒီနည်းအတိုင်း ဒေါင်းယူနိုင်ပါတယ်...
ဒေါင်းယူပြီး ကြည့်မရ ဖွင့်မရတဲ့ Video နေရာကို ပြန်သွားပါ... အပေါ်က ပုံအတိုင်း မျှားပြထားတဲ့ နေရာက (Link) မှာ အစိမ်းရောင်လေးနဲ့ ပြထားတဲ့နေရာက www.  ကို ဖျက်ပြီး ss (s နှစ်လုံး) နဲ့ အစားထိုးရေးပြီး Enter ခေါက်ပါ...
(ဥပမာ ။ ။ http://[www.]youtube.com/watch?v=8JzyoECt7JY&list=PLC2D3DE605941A73E
အဲ့ဒီ Link က အနီရောင်နဲ့ ပြထားတဲ့ www. ကို ဖျက်ပြီး ss ကို အစားထိုးရေးပေးရမှာပါ)
ဒီပုံလေးအတိုင်းပါ..(ပုံတွေကို အကြီးချဲ့ချင်ရင်ပုံကို နှိပ်လိုက်ပါ)
နောက်စာမျက်နှာတစ်ခု ပွင့်လာမှာပါ ...
မျှားပြထားတဲ့နေရာကအတိုင်း ဒေါင်းယူနိုင်မဲ့ Format တွေ ကျလာပါလိမ့်မယ် .. MP4 ကိုသာ ရွေးပြီး ဒေါင်းယူလိုက်ပါ.. စောစောက ကြည့်မရတဲ့ Video ဟာ ခု ကြည့်လို့ရသွားပါပြီ...။ အဲ့ဒါကတော့ ဘာ Software မှ မသုံးပဲ ဒေါင်းယူတဲ့ နည်းပါပဲ...။
 အဆင်မပြေသေးရင်တော့ ဒီ Video လေးကိုကြည့်နိုင်ပါတယ် စကားပြောအသံလေးပါထည့်ထားပြီး အတွေ့အကြုံလေးကို ရှင်းပြထားတာပါ.. ကျေးဇူးတင်ပါတယ်..:)
အားလုံး အဆင်ပြေကြပါစေ..
ခင်မင်လျှက်
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →
ရှော့ကပ်ဗိုင်းရပ်စ်ထိသွားတဲ့ USB Flash/Pendrive ထဲက Data တွေကို CMD Command ဖြင့် ပြန်လည်ဖေါ်ထုတ်ယူနည်း
0
5:53
ကျန်ခဲ့တဲ့ ၃-ရက်လောက်က ဗိုင်းရပ်စ်တွေကြောင့် ကြောင်တောင်တောင်ဖြစ်နေတဲ့
သူငယ်ချင်းစက်ကို ပြင်ပေးရင်းနဲ့ သူ့စက်ကနေ ကျနော့် USB Pendrive 16 GB မှာ
ရှော့ကပ်ဗိုင်းရပ်စ်ထိသွားတဲ့ အတွက် အထဲက ဖိုင်တွေ တခုမှ ဖွင့်သုံးလို့
မရတော့ပါဘူး..။ အဲ့ဒီနေ့ကတော့ အဲ့ဒီစက်တလုံးနဲ့ USB 16 GB တခုနဲ့
၂-ခုပေါင်းလိုက်တော့ တနေကုန်သွားပါတယ်..။ အခုတော့
အားလုံးအဆင်ပြေသွားပါပြီ..။
 16 GB ထဲက ဖိုင်တွေအားလုံးလည်း ဒီနည်းနဲ့ ပြန်လည် ထုတ်ယူလို့ ရခဲ့ပါပြီ..။
အခု ကျနော့် Pendrive မှာဖြစ်သွားသလို တခြားသူများလည်း ဖြစ်ခဲ့ရင် အလွယ်တကူ
ဒီနည်းနဲ့ အဆင်ပြေစေမှာ ဖြစ်ပါတယ်..။ ဒီဗိုင်းရပ်စ်ထိတဲ့ Flash/Pendrive
တွေမှာ ဖိုင်တွေအားလုံးဟာ ရှော့ကပ်ပုံတွေ ဖြစ်သွားမှာ ဖြစ်ပြီး
ဖိုင်အားလုံးကို 1kb / 2kb စသဖြင့်သာ မြင်ရတော့မှာ ဖြစ်ပါတယ်..။
ဒီဗိုင်းရပ်စ်က Pendrive ထဲမှာ ရှိနေတဲ့ မူရင်း ဖိုင်တွေကို
ဖျောက်ပစ်လိုက်ပြီး ပုံစံတူ ၊ နာမည်တူတဲ့ ဖိုင်တွေကို ရှော့ကပ်တွေ အဖြစ်
ပြန်လည်ဖန်တီး ဖေါ်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်..။ ဒါကြောင့် ဖိုင်တွေ
အားလုံးကို ရှော့ကပ်ပုံတွေနဲ့ပဲ မြင်ရမှာ ဖြစ်ပြီး တခုမှ ဖွင့်လို့ ရမှာ
မဟုတ်တော့ပါ..။
အဲ့လို ဖြစ်သွားရင်တော့ Antivirus တခုခုကို USB Pendrive ထဲ
မောင်းထည့်ပြီး ဗိုင်းရပ်စ်ကို အရင်သတ်ပစ်ပါ..။ ဗိုင်းရပ်စ်သတ်ပြီးလည်း ၊
ဗိုင်းရပ်စ်မရှိတော့လည်းပဲ ဒီရှော့ကပ်ပုံ ဖိုင်တွေကို ဖွင့်လို့ မရပါဘူး..။
အခု ဒီပိုစ့်က နည်းကတော့ အဲ့လို ရှော့ကပ်ဖြစ်သွားတဲ့ ဖိုင်တွေကနေ
မူရင်းဖိုင်တွေကို ပြန်လည်ဖေါ်ထုတ်ယူတဲ့ နည်းပဲ ဖြစ်ပါတယ်..။
မူရင်းဖိုင်တွေ
ပြန်ရလာတဲ့အခါ ရှော့ကပ်ပုံတွေလည်း ရှိနေအုန်းမှာပါပဲ..။ ဒါကြောင့်
နေရာလွတ်တခုထဲသို့ မူရင်းဖိုင်တွေကို copy-paste (or) cut-paste နဲ့
ပြောင်းသိမ်းလိုက်ပြီး.. ကျန်တဲ့ ရှော့ကပ်ပုံတွေရှိတဲ့ USB Pendrive
ကိုတော့ Format ချပစ်လိုက်ပါ..။ ပြီးမှ ဖိုင်တွေ ပြန်ထည့်သုံးပါ..။
ကျနော်လုပ်သွားတဲ့ ဒီနည်းကို တခြားသူများလည်း အလွယ်တကူ သုံးတတ်အောင်
အောက်မှာ ပုံလေးတွေနဲ့ အစအဆုံး လုပ်တတ်အောင် ပြပေးထားပါတယ်..။
လေ့လာထားလိုတဲ့ သူများကတော့ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။
အပေါ်ပုံအတိုင်း USB Pendrive ထဲမှာ Data တွေ ရှိနေပေမယ့်
ဖွင့်ကြည့်လိုက်ရင်တော့ အောက်ကပုံအတိုင်း ရှော့ကပ်ပုံတွေနဲ့ပဲ
ပေါ်နေမှာဖြစ်ပြီး ဖိုင်တွေ တခုမှ ဖွင့်လို့ ရမှာ မဟုတ်ပါဘူး..။
ရှော့ကပ်ဗိုင်းရပ်စ်ထိထားတဲ့ USB Pendrive ကို ပြန်ဖြုတ်ထားလိုက်ပါ..။
အောက်ကဆော့ဝဲလ်လေး Run ပြီးမှ စက်မှာပြန်တပ်ပါ..။ ဒီနည်းကို ဖြေရှင်းဖို့
အရင်ဆုံး Autorun ထိန်းတဲ့ ဆော့ဝဲလ်လေးကို အောက်ကလင့်မှာ အရင်သွားယူပြီး
မိမိတို့စက်ထဲမှာ ၂-ချက်တောက်ပြီး ထည့်ပေးလိုက်ပါ..။ ဖိုင်ဆိုဒ်ကလည်း
သေးသေးလေးပါ..။ 1 MB တောင်မပြည့်ပါဘူး..။
 Autorun Exterminator လေးကို ၂-ချက်တောက်ပြီး ထည့်ပြီးရင်တော့
အပေါ်ကပုံအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။ ပြီးရင်တော့ မိမိတို့ ကွန်ပျူတာမှာ
USB Pendrive ကို တပ်ထားလိုက်ပါ..။ ပြီးရင် CMD ကို အောက်ကပုံလေးတွေ
အတိုင်း ဖွင့်လိုက်ပါ..။
  CMD ဘောက်စ်ပေါ်လာရင်တော့ ဒီစာသားတွေကို ( attrib -h -r -s /s /d [z]:\*.* ) copy-paste နဲ့ ထည့်ပေးလိုက်ပါ..။ အစိမ်းရောင်နဲ့ ပြထားတဲ့ [z]
နေရာမှာတော့ မိမိတို့ USB Pendrive ရဲ့ Letter ကို ထည့်ပေးရမှာ
ဖြစ်ပါတယ်..။ USB Drive Letter ကိုတော့ အောက်ကပုံအတိုင်း ကြည့်လို့
ရမှာပါပဲ..။ ကျနော့် စက်မှာတော့ (N) လို့ ပြထားပါတယ်..။ CMD ထဲမှာ ထည့်တဲ့
အခါမှာတော့ n စာလုံးအသေးနဲ့ပဲ ရေးထည့်ရမှာ ဖြစ်ပါတယ်..။ မိမိတို့စက်မှာတော့
ပေါ်လာတဲ့ Letter ကို ထည့်ပါ..။
အောက်ကပုံအတိုင်း အပေါ်က စာသားတွေကို ထည့်ပြီးသွားရင်တော့ Enter ခေါက်ပေးလိုက်ပါ..။ 
အပေါ်ကပုံအတိုင်း ခဏတော့ကြာတတ်ပါတယ်..။ အောက်ကပုံအတိုင်း ဆက်ပေါ်လာရင် Exit
နဲ့ ထွက်လိုက်လို့ ရပါပြီ..။ တချို့စက်တွေမှာတော့ Access denied စာသား
မပေါ်တတ်ပါဘူး..။ ဘာပဲ ဖြစ်ဖြစ် ကျနော့် USB ထဲက ဖိုင်တွေကို ဒီနည်းနဲ့
ပြန်လည် ဖေါ်ထုတ်ယူလို့ ရသွားပါပြီ..။
အောက်ကပုံအတိုင်း ကျနော့် USB 16 GB ထဲက ဖိုင်တွေကို ပြန်လည် ထုတ်ယူလို့ ရသွားပါပြီ..။ 
ကျနော်ပြန်လည် ဖေါ်ထုတ်ယူပြီးတဲ့ ဖိုင်တွေကို နေရာလွတ်တခုမှာ
ပြောင်းသိမ်းလိုက်ပြီး အောက်ကပုံအတိုင်း USB ကို ဖေါ်မတ်ချပေးလိုက်ပါတယ်..။
ဒါကတော့ ကျန်နေတဲ့ ရှော့ကပ်တွေကို တခုစီလိုက်မဖျက်ချင်တော့လို့
အလွယ်ဖေါ်မတ်ချပစ်လိုက်တာပါ..။ အောက်ကပုံလေးတွေ အတိုင်းပါ..။ မိမိတို့
အနေနဲ့ USB ကို ဖေါ်မတ်မချလိုပဲ ရှော့ကပ်ဖိုင်တွေကို တခုစီ
ဖျက်မယ်ဆိုရင်လည်း ရပါတယ်..။
USB ကို ဖေါ်မတ်ချပြီးမှသာ အောက်ကပုံလေးအတိုင်း ဖိုင်တွေကို ပြန်လည်
ပြောင်းထည့်တာ ဖြစ်ပါတယ်..။ ဒီနောက်ပိုင်း အဆင့်တွေကတော့
ကျနော်အသုံးပြုသွားတဲ့ နည်းတွေပဲ ဖြစ်ပါတယ်..။ 
 ဒီနည်းနဲ့ ရှော့ကပ်ဗိုင်းရပ်စ်ဖျောက်ပစ်လိုက်တဲ့ ဖိုင်တွေကို
ပြန်လည်ဖေါ်ထုတ်ယူလို့ ရသွားပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍
အဆင်ပြေပါစေ..။
 Credit :    www.lwinminbo.blogspot.com
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Continue reading →