Android Phone မှာ Online Video တွေကြည့်မရရင် VideoBee ကိုအသုံးပြုပြီး (Wifi + Cellular) လိုင်းနှစ်လိုင်းပေါင်းပြီးကြည့်ပါ

0
4:21

clip_image001
Android Device တွေကနေ YouTube လို Online Video တွေကြည့်ရင် ကွန်နက်ရှင်မကောင်းလို့  ထစ်တာတွေ၊ လုံးဝကြည့်မရတာတွေ ဖြစ်တတ်ပါတယ်။အဲဒီ ပြဿနာကို ဖြေရှင်းပေးဖို့ အတွက် VideoBee App ပေါ်ထွက်လာပါပြီ။ VideoBee က Wifi + Cellular ကွန်နက်ရှင် နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုလို့ ရအောင်ပြုလုပ်ပေးပြီး ကွန်နက်ရှင် ကိုပေါင်းစည်းပေးတဲ့အတွက် Video တွေကို မထစ်ဘဲ ကြည့်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် VideoBee အင်စတောလုပ်ထားတဲ့ ဖုန်းနှစ်လုံး ကို Bluetooth နဲ့ ချိတ်ဆက်ပြီး ဖုန်း တစ်လုံးက ကွန်နက်ရှင်ကို အခြားဖုန်းတစ်လုံး ကနေ အပြန်အလှန်အထောက်အပံ့ပေးလို့ ရပါတယ်။ ဖုန်း တစ်လုံးကနေ နောက်ဖုန်းတစ်လုံးကိုလည်း Video တွေ Share လုပ်လို့ ရပါသေးတယ်။လောလောဆည် Support ပေးတဲ့ Video ၀က်ဆိုက်တွေကတော့ YouTube, Metacafe,NBC တို့ ဖြစ်ပါတယ်။ VideoBee က ဒီလို စွမ်းဆောင်ပေးနိုင်တဲ့ ပထမဆုံး App တစ်ခုဖြစ်ပြီးအလွန်အသုံးဝင်ပါတယ်။
VideoBee ကို Android 2.3 နဲ့ သူ့ အထက်ဖုန်းတွေမှာ သုံးနိုင်ပါတယ်။ VideoBee က Beta အဆင့်ပဲရှိသေးပြီး Access Code လိုအပ်ပါတယ်။  Access Code ရဖို့  အပေါ်က လင့် ကိုနှိပ်ပြီး Sign Up Button ကိုနှိပ်ပါ။ အီးမေးကိုဖြည့်ပေးပြီး  Send နှိပ်ပါ။ကျွန်တော် စမ်းကြည့်တာတော့ Access Code က ချက်ချင်းမပို့ ပါဘူး။ အဲဒီအတွက် စိတ်ရှည်ရှည်နဲ့ စောင့်ပါ။

clip_image002clip_image003clip_image004
VideoBee ရဲ့  အလုပ်လုပ်ပုံကို အောက်က Video မှာလေ့လာနိုင်ပါတယ်။




Facebook Page ကို Like ပြီးအားပေးပါအုံး။


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ




About the author

နည်းပညာများ ကို ကျ နော်သိသလောက် ပြန်လည် မျှဝေသွားပါမည်. Admin >> အိုင်တီရဲ ကို.

0 comments: