Acer aspire E1-410G ကို WIindows တင်ကြမယ်။

0
8:06


acer aspire E1-410G ကို windows တင်ကြည့် ခြင်း
===============================

Acer aspire E1-410G ကို Windows ပြန်တင်ဖို့ အခက် အခဲ ရှိသူများ အတွက်ပါ။ သုံးနေရင်းနဲ့  restart ကျ ပြီး windows ပြန် လည်း တက်မလာ windows install လုပ် လို့ မရ တဲ့ မိတ် ဆွေ တွေ အတွက်ပါ ။အခု နောက် ထွက်လာ တဲ့  notebook တွေမှာ windows ပြန်တင် တဲ့  အခါ ပြသနာ တော်တော်လေး ရှိပါတယ်။
သိတဲ့ မိတ်ဆွေ တွေ အတွက်တော့ အဆန်းတကြယ် မဟုတ် ပေမဲ့  မသိသေးတဲ့ မိတ်ဆွေ တွေ ငွေကုန်ကြေးကျ သက်သာအောင် ပြန်လည်မျှ ဝေ ပေး လိုက် ပါတယ်။
windows တင်တော့ မယ် ဆို ရင် အများစုကတော့  BIOS ထဲ မှာ BOOT ကို ဝင် ချိန် ကြတဲ့  အခါ UEFI Mode ကနေ Legacy Mode ကိုပြောင်း ပြီး တင်ကြပါတယ်.... အခု နောက် ထွက်လာ တဲ့  လက်တော့ တွေ မှာ ကျ တော့  UEFI MODE ကနေ LEGACY MODE ကိုပြောင်းစရာ မလို ပဲ တိုက်ရိုက် တင် လို့ ရပါတယ်။အောက် မှာ ပုံ နှင့် တကွ ဖော်ပြပေးထားတာမို့ အဆင်ပြေမယ် လို့ မျှော်လင့် ပါတယ်။ UEFI Modeတစ်ခု တည်းပါတဲ့  လက်တော့ တွေ အတွက် လုံးဝ အဆင်ပြေ ပါတယ်။



အဆင့်  ( ၁ )
================
အရင်ဆုံး မိမိ ကွန်ပျူ တာ ကို ဖွင့် ပြီးrestart ချ ပါ ပြီးရင် F2 ကိုနိုပ်ပြီး  BIOS ထဲ မှာ main နေရာမှာ အောက်ပါအတိုင်း ပြောင်း ပေးလိုက်ပါ။

Network Mode [Disabled]
F12 Boot Menu [Enabled]
D2D Recovery [Disabled]
Wake on LAN [Disabled]
SATA Mode [IDE Mode]

ကိုပြောင်းပေး ပါ။


အဆင့်  ( ၂ )
==============

နောက်တစ်ဆင့် အနေ နဲ့ ကတော့  Security မှာ set up supervisor password ကို enter  ခေါက်ပြီး password ပေးပါ။ ( ဥပမာ - 123 ) password ကိုမှတ် သားထားပါ။


အဆင့်  ( ၃ )
==========

Boot setting ထဲ မှာ
Boot Mode ကို ( UEFI )
Secure Boot ကို ( Enable )

ပေးပါ။ ပြီးရင်

  • ATAPI CDROOM HL-DT-ST DVDRAM GUAON
  • HDD :ST500L TO12 -9WS142 ကို အပေါ်အောက်ထားပေးပါ။ပုံအကူအညီကို အောက်မှာ ရယူပါ။







အဆင့်  ( ၄ )
============

ဒီအဆင့် မှာ တော့  Windows iso burn ထားတဲ့ အခွေ ကို ထည့် ပြီး  F 10 ကို နှိပ်ပြီး SAVE လုပ်ကာ မည်သည့် ကီးကိုမဆို နှိပ်ပြီး ပုံမှန်အတိုင်း windows ပြန်တင် နိုင်ပါတယ်ခင်ဗျာ။





အသစ်တင်တိုင်း Facebook ကနေဖတ်မယ်ဆိုရင် ဒီမှာ like လုပ်ပေးပါ။



စိုင်းသူ


www.saithu102.blogspot.com

About the author

နည်းပညာများ ကို ကျ နော်သိသလောက် ပြန်လည် မျှဝေသွားပါမည်. Admin >> အိုင်တီရဲ ကို.

0 comments: