သတင်းကြီးနေတဲ့ iPhone မကြာခင်အဆုံးသတ်ဖွယ်ရှိ

1
23:31

သတင်းကြီးနေတဲ့ iPhone မကြာခင်အဆုံးသတ်ဖွယ်ရှိ

=============================


မရေမတွက်နိုင်အောင်ထွက်ပေါ်နေတဲ့ iPhone 5S,iPhone 5C,iPhone 6,တန်ဖိုးနည်း iPhone အစရှိတဲ့ သတင်းတွေကို မကြာခင် အဆုံးသတ် ဖို့တော့ရှိနေပါပြီ။မကြာခဏဆိုသလို ကောလဟာလတွေနဲ့ ထွက်ဖို့ တာဆူနေတဲ့ iPhone ကိုယခုအခါမှာတော့ လာမယ့် စက်တင်ဘာ ၁၀ မှာတရားဝင်မိတ်ဆက်ပြသတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ Apple အရာရှိတစ်ယောက်ရဲ့ အဆိုအရ" ကောလဟာလ
တွေကိုမကြာခင်ကျွန်တော်တို့တွေအဆုံးသတ်ပေးဖို့ လာမယ့် စက်တင်ဘာ ၁၀ မှာ Apple ရဲ့ ထုတ်ကုန်အသစ် iPhone ကိုတရားဝင်ထုတ်ဖော်ပြသ
တော့မှာပါ" လို့အင်တာနက်သတင်း တစ်ရပ်မှာပြောကြားခဲ့ပါတယ်။

ဒါကြောင့် iPhone အသစ်ကိုစောင့်မျှော်နေတဲ့ i ချစ်သူတွေအတွက် အဆိုပါ
သတင်းဟာ မှန်ကန်ခဲ့မယ်ဆိုပါက သိပ်မဝေးတော့တဲ့ စက်တင်ဘာ ၁၀ မှာ
iPhone အသစ်ကို မြင်တွေ့ရဖို့တော့ရှိနေပါပြီ။

Ref:Cnet
Khun Nay(August Myanmar Media Group)

အိုင်တီခေတ်

About the author

နည်းပညာများ ကို ကျ နော်သိသလောက် ပြန်လည် မျှဝေသွားပါမည်. Admin >> အိုင်တီရဲ ကို.

1 comentario:

  1. မင်္ဂလာ IT ဆရာ...
    ကျေးဇူးပြုပြီး IPhone 4s version 6.1.3 ကိုဘယ်လို jailbreak ရမလဲ။ ရှင်းပြပေးအုံး...
    ဆရာ ရဲ့ အသိ၊အတတ် ပညာမျှော်လင့်သူ

    မောင် IPhone

    ResponderEliminar