PC တင်မက စမတ်ဖုန်း ရောင်းချမှုမှာ ထိပ်တန်းဖြစ်လာသည့် Lenovo

0
0:48


PC တင်မက စမတ်ဖုန်း ရောင်းချမှုမှာ ထိပ်တန်းဖြစ်လာသည့် Lenovo

ကမ္ဘာ့ နံပါတ် ၁ ကွန်ပြူတာ ထုတ်လုပ်တဲ့ ကုမ္မဏီအဖြစ် Lenovo က နေရာ ယူပြီးသား ဖြစ်ပါတယ်။ အရေအတွက်အားဖြင့် တွက်ချက်များမှု ဖြစ်ပြီး ဈေး ကွက် လွမ်းမိုးနိုင်မှုကျတော့ အခြား ကုမ္မဏီ တွေကို မမှီသေးပါဘူး။

ယခု နောက်ထပ် သိရတဲ့ သတင်းကတော့ Lenovo ဟာ PC တင်မက၊ စမတ်ဖုန်း ထုတ်လုပ်မှုမှာပါ ကမ္ဘာ့ နံပါတ် ၂ နေရာကို ရောက်လာပါတယ်။ ပထမ ကတော့ တောင်ကိုရီးယားက Samsung ပါ။ သို့ပေမယ့် ဈေးကွက်လိုအပ်ချက်ကို ဖြည့်တင်းနိုင်မှုမှာကျတော့ Lenovo ဖုန်းက နံပါတ် ၄ မှာပဲ ရှိပါတယ်။ တရုတ်ပြည်မကြီး အခြေဆိုက် ကုမ္မဏီ တစ်ခု ဖြစ်ပါတယ်။

Lenovo ရဲ့  PC နဲ့ စမတ်ဖုန်း ရောင်းအားဟာ တစ်နှစ်ထက် တစ်နှစ် သိသိသာသာကို မြင့်တက်နေပါတယ်။ ကမ္ဘာ့ အကြီးဆုံး နည်းပညာ ကုပစ္စည်းထုတ် ကုမ္မဏီများ စာရင်းထဲမှာ ပါဝင်လာပြီး ကမ္ဘာအနှံ့မှာ သူ့ရဲ့  ဖောက်သည်များ ရှိပါတယ်။ ယခုနှစ် သြဂုတ်လမှ ထုတ်ပြန်တဲ့ စာရင်း အရ Lenovo ဟာ PC ထက် စမတ်ဖုန်း ထုတ်လုပ်ရောင်းချတဲ့ အရေအတွက်က ပိုမို များပြားကြောင်း သိရပါတယ်။
.
Ref: mashable

Aung Kham (TSJ team)


အိုင်တီခေတ်

About the author

နည်းပညာများ ကို ကျ နော်သိသလောက် ပြန်လည် မျှဝေသွားပါမည်. Admin >> အိုင်တီရဲ ကို.

0 comments: