Samsung Galaxy S3 GT-i9305 ကိုအလွယ်တကူ Recovery သွင်းပြီး Root မယ်

1
22:59
ဒီတစ်ခါ Samsung Galaxy S3 LTE (GT-i9305) ကို တစ်ခါတည်း

Recovery သွင်းပြီး Superuser လေးပါထွက်လာအောင်

လုပ်ရအောင်ဗျာ။ လိုအပ်တဲ့ဖိုင်တွေကိုအောက်မှာဒေါင်းပါ။

Odin 3.04

Recovery and Root Zip

အပေါ်ကဖိုင်နှစ်ခုကိုဒေါင်းပြီးရင်လုပ်ငန်းစလို့ရပါပြီ။ အခုလုပ်မှာက Samsung Phone ဆိုတော့ ကွန်ပြူတာမှာ Kies တော့ Run ထားဖို့လိုပါတယ်။ ပထမဦးဆုံး Odin ကိုဖွင့်ပြီးတော့ စက်ကို Driver သိမသိအရင်ကြည့်ပါ။ ပြီးရင် PDA ကိုကလစ်ပေးပြီးတော့ ခုနကဒေါင်းထားတဲ့ .tar.md5 ဖိုင်ကိုရှာရွေးပေးပါ..ဖုန်းကို Download Mode ၀င်ပြီးကြိုးထိုးပါ။ (Download Mode ကို Power+Home+Vol-down နှိပ်ပြီးဝင်နိုင်ပါတယ်၊ ပီးရင် vol-up ကိုပြန်နှိပ်ပေးပါ) ပြီးရင် Start လေးကိုနှိပ်ပေးရုံပါပဲ။ ခဏလေးပါပဲ Pass ဆိုပြီးပေါ်လာရင်ဖုန်းကိုဖြုတ်လို့ရပါပြီ။ ဖုန်း Reboot ပြန်တက်လာရင် Superuser icon လေးကိုမြင်တွေ့ရမှာ
ဖြစ်ပါတယ်။ Recovery လဲတစ်ခါတည်းပါပါတယ်။ Root လုပ်ပြီးသွားရင်တော့ မြန်မာစာဘယ်လိုသွင်းရမလဲဆိုတာတော့မပြောတော့ဘူးနော်။
အားလုံးပဲသိကြမယ်ထင်ပါတယ်။

About the author

နည်းပညာများ ကို ကျ နော်သိသလောက် ပြန်လည် မျှဝေသွားပါမည်. Admin >> အိုင်တီရဲ ကို.

1 comentario:

  1. ကျေးဇူးပြုပြီး၊ Samsung Galaxy S3 (GT-i9305) ကို official firmware ပြန်တင်ချင်လို့ firmware ပြန်တင်နည်းလေးရယ်၊ ပြီးရင် ဘာတွေလိုအပ်တယ်ဆိုတာကို အဆင်ပြေရင် ပြောပြပေးပါခင်ဗျာ

    ResponderEliminar