Cloud တွေအားလုံးကို တစ်နေရာထဲကနေအသုံးပြုမယ်။

0
11:26

GoogleDrive (1)
သင့်မှာ ဖိုင်တွေသိမ်းဖို့ ၊ share ဖို့  Cloud အကောင့်တွေအများကြီးရှိတယ်ဆိုရင် အဲဒီ Cloud တွေအားလုံးကိုတစ်နေရာထဲကနေ Manage လုပ်လို့ ရရင် တော်တော်အဆင်ပြေမှာပါ။ဖိုင်တစ်ခုကို ဘယ်မှာသိမ်းထားလဲ မမှတ်မိတော့တဲ့အခြေအနေမှာလည်း တစ်နေရာထဲကနေ ရှာလို့ ရတဲ့အတွက်အဆင်ပြေပါတယ်။ MultCloud ဆိုတဲ့ Web Application က Dropbox, SkyDrive, Box, GoogleDrive ,SugarSync, AmazonS3 စတဲ့ Cloud တွေကိုတစ်နေရာထဲကနေ Manage လုပ်ပေးနိုင်ပါတယ်။MultCloud ကဘာတွေလုပ်ပေးနိုင်လဲဆိုတော့ အကောင့်အားလုံးကဖိုင်တွေကို တစ်နေရာထဲကနေ upload,download,share,copy စတာတွေလုပ်ပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့် အကောင့်တွေအားလုံးကိုပေါင်းထားတဲ့သဘောဖြစ်လို့  Storage Space ကြီးမားတဲ့ Cloud တစ်ခုကိုတည်ဆောက်ထားသလိုသဘောလည်းသက်ရောက်ပါတယ်။
MultCloud ကိုအသုံးပြုရတာလွယ်ပါတယ်။ MultCloud မှာအကောင့်တစ်ခုပြုလုပ်ပြီး  Add Cloud Drive ကိုနှိပ်ပြီး Cloud အကောင့်တွေကို MultCloud ထဲထည့်ရုံပါပဲ။
MultCloud မှာ Search Box လည်းပါရှိပြီး ဖိုင်တွေကိုအလွယ်တကူရှာလို့ ရပါတယ်။
clip_image002

1TB လောက်ရှိတဲ့ Cloud အကောင့်တစ်ခုတည်ဆောက်ချင်သေးလား? အဲဒီအတွက် Gmail တွေအများကြီးလုပ်စရာမလိုပါဘူး။ MaskMe ကိုသုံးပြီး Cloud အကောင့်တွေအများကြီးလုပ်ပါ။ ပြီးရင် လုပ်ထားတဲ့ Cloud တွေကို MultCloud မှာ Add လုပ်လိုက်ရင် 1TB ရပြီပေါ့။



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

About the author

နည်းပညာများ ကို ကျ နော်သိသလောက် ပြန်လည် မျှဝေသွားပါမည်. Admin >> အိုင်တီရဲ ကို.

0 comments: