Google စမတ်နာရီ အဆင်သင့်ဖြစ်ကြောင်း ပြောဆိုနေကြ

0
2:33

Google စမတ်နာရီဟာမိတ်ဆက်ပြသဖို့ အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း သတင်းမီဒီယာများက ဆိုပါတယ်။ Google က တရားဝင်ပြောဆိုခြင်း မဟုတ်သေးပါဘူး။rumor ပြန့်နှံ့နေခြင်း ဖြစ်ပါတယ်။

Android 4.3 OS ကို အသုံးပြုပြီးBluetooth 4.0 Connectivity ပါဝင်ကြောင်း ဆိုပါတယ်။ဒီတော့ စမတ်နာရီနဲ့အဓိက တွဲဖက်အသုံးပြုရမယ့် ပစ္စည်းကတော့Android စမတ်ဖုန်း များဖြစ်ပါတယ်။ အနီးစပ်ဆုံးအနေနဲ့ Google ရဲ လက်အောက်ကနေထုတ်လုပ်ထားတဲ့ Motorolla စမတ်ဖုန်းများနဲ့ တွဲဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။Google Smartwatch ကနေ အင်တာနက်လည်း အသုံးပြုနိုင်ပါမယ်။Google Search Engine ပါဝင်တာမျိုး ဖြစ်ပါတယ်။လက်ရှိ Samsung ကထုတ်ထားတဲ့ Samsung Galaxy Gear နဲ့အဓိက ကွာခြားချက်အနေနဲ့ ဘယ် Android Device နဲ့မဆို သင့်လျော်မယ့် စမတ်နာရီအဖြစ်ဖန်တီးခြင်း ဖြစ်ပါတယ်။Samsung Galaxy Gear လည်း အသုံးပြုလို့ရပေမယ့် အချို Device များအတွက် ကန့်သတ်ချက်တွေ ရှိနေအုံးမှာပါ။ သူကSamsung မှာတောင်မှ Galaxy Note 3 နဲ့တွဲဖို့အဓိက ရည်ရွယ်ထားလို့ ဖြစ်ပါတယ်။
ကျန်းမာရေးအတွက်၊ အားကစားအတွက်များပါNike Fuel Band လို့ အသုံးပြုနိုင်မှာ ဖြစ်ပြီးApplication များစွာနဲ့ ထွက်ရှိလာနိုင်ချေ ရှိတဲ့ စမတ်နာရီဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham ( TSJ Team)


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

About the author

နည်းပညာများ ကို ကျ နော်သိသလောက် ပြန်လည် မျှဝေသွားပါမည်. Admin >> အိုင်တီရဲ ကို.

0 comments: