ဝက်ဆိုက်တစ်ခု မှ အကောင့်များကို Firefox မှာ တစ်ပြိုင်နက်ထဲ Login ၀င်ပြီး အသုံးပြုလို့ရစေမယ့် Multifox

0
21:43


ဝက်ဆိုက်တစ်ခု မှ အကောင့်များကို Firefox မှာ 

တစ်ပြိုင်နက်ထဲ Login ၀င်ပြီး အသုံးပြုလို့ရစေမယ့် Multifox
==========================================
အလုပ်အတွက်၊ ကိုယ်ရေးကိုယ်တာ အတွက် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် Facebook, Google စတဲ့ ၀က်ဆိုက်တွေမှာ အကောင့်တစ်ခုထက်ပိုအသုံးပြုကြမှာပါ။ Firefox မှာ Cookie တွေကို စီမံခန့်ခွဲတဲ့ System တစ်ခုရှိပါတယ်။အဲဒီအတွက် Gmail အကောင့်တစ်ခုကို Login ၀င်ပြီး အသုံးပြုနေတဲ့အချိန်မှာ နောက်ထပ် Gmail အကောင့်တစ်ခုကို Login ၀င်လို့မရပါဘူး။ နောက်ထပ် Firefox Window တစ်ခုကိုဖွင့်ပြီး အသုံးပြုရင်တောင် မရပါဘူး။ ၀က်ဆိုက်တစ်ခုက အကောင့်တွေကို တစ်ပြိုင်နက်ထဲ Login ၀င်ပြီး အသုံးပြုချင်ရင် တစ်ခြား Browser ကိုအသုံးပြုရမှာပါ။ ဒါမှမဟုတ် Firefox ရဲ့ Private Window ကို အသုံးပြုနိုင်ပါတယ်။ ဒီနည်းတွေထက်ပိုပြီး လွယ်ကူအဆင်ပြေစေမယ့် နည်းကတော့ Multifox ဆိုတဲ့ Firefox Add-on ကို အသုံးပြုခြင်းဖြစ်ပါတယ်။ Multifox က ၀က်ဆိုက်တစ်ခု က အကောင့်တွေအများအပြားကို တစ်ပြိုင်နက်ထဲ Login ၀င်ပြီး အသုံးပြုလို့ရစေပါတယ်။ Private Window နဲ့ မတူတဲ့အချက်က Cookie တွေကိုလည်း သီးခြားသိမ်းပေးထားနိုင်တာဖြစ်ပါတယ်။
Multifox ကို အင်စတောလုပ်ပြီးရင် Firefox ကို Restart လုပ်စရာမလိုပါဘူး။ Facebook အကောင့်တစ်ခုကို အသုံးပြုနေတယ်ဆိုပါစို့။နောက်ထပ်အကောင့်တစ်ခုကို အသုံးပြုချင်ရင် URL Bar က Multifox Icon ကိုနှိပ်ပါ။ New ကိုနှိပ်ရင် Firefox Window တစ်ခုပေါ်လာမှာဖြစ်ပြီး နောက်ထပ် Facebook အကောင့်တစ်ခုကို အသုံးပြုနိုင်ပါတယ်။ Multifox က Profile အသစ်တစ်ခုကို ပြုလုပ်ပေးလိုက်တာဖြစ်ပြီး Icon ကိုနှိပ်ကြည့်ရင်

 Default Profile, Profile 2 , Profile 3 စသဖြင့် တွေ့ရမှာပါ။
Icon ကို နှိပ်ကြည့်ရင် Profile တွေကို တွေ့ရမှာဖြစ်သလို Rename, Delete လုပ်ဖို့ Options တွေကို Edit မှာတွေ့နိုင်ပါတယ်။



 ref to Digital Life



ကိုလတ်(ကျွဲဆင်း)





ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

About the author

နည်းပညာများ ကို ကျ နော်သိသလောက် ပြန်လည် မျှဝေသွားပါမည်. Admin >> အိုင်တီရဲ ကို.

0 comments: