Samsung က တန်ဖိုးနည်းဖုန်းများကိုလည်း KitKat Update ပေးမည်

0
0:35

 Samsung က တန်ဖိုးနည်းဖုန်းများကိုလည်း KitKat Update ပေးမည်
================================================
Samsung က Galaxy Note 3 ,Galaxy Note 2, Galaxy S3, Galaxy S4 ဖုန်းများကို Android 4.4 KitKat ကို ၂၀၁၄ ဇန်န၀ါရီလတွင် Update ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးပါပြီ။ Samsung က တန်ဖိုးနည်းဖုန်းများကိုလည်း KitKat Update ပေးမှာဖြစ်တယ်လို့ သတင်းများထွက်ပေါ်လာပါတယ်။ သတင်းအရ Galaxy S4 mini, Galaxy S3 mini, Galaxy S Advance, Galaxy Core, Galaxy Fame, Galaxy Ace 2, Galaxy Fresh တို့ကို KitKat Update ပေးမယ်လို့သိရပါတယ်။ KitKat ကို အသုံးပြုဖို့ လိုအပ်တဲ့ RAM ပမာဏမှာ 512MB ဖြစ်ပါတယ်။ Samsung က အဆိုပါ တန်ဖိုးနည်းဖုန်းများကို Update ပေးဖို့ တရားဝင်ပြောကြားခြင်းမရှိသေးဘဲ စဉ်းစားနေဆဲဖြစ်ပါတယ်။

 Ref to Digital Life Journal

ကိုလတ်(ကျွဲဆင်း)



ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

About the author

နည်းပညာများ ကို ကျ နော်သိသလောက် ပြန်လည် မျှဝေသွားပါမည်. Admin >> အိုင်တီရဲ ကို.

0 comments: